Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့မစခန်းကို တိုက်ခိုက်စဥ် စစ်အုပ်စုလာရောက်၍ အပြန်အလှန်ပစ်ခတ်

စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူများအထိခိုက်အကျဆုံးရှိနိုင်ပြီး ဆက်လက်စုံစမ်းနေကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က အသိပေးသည်။

(ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မြို့မရဲစခန်းကိုပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများရောက်လာ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၉) နံနက်ပိုင်းက ဝက်လက်မြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မင်းစုရပ်ကွက် အနီးသို့ ထွက်လာသော အင်အား၂၀ ခန့်ပါ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် အချိန်အနည်းငယ်​ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက ဝက်လက်မြို့မရဲစခန်းဘက်ကို ဆယ်ချက်လောက်ပစ်အပြီးမှာ ဝက်လက်မြို့ထဲမှာရှိတဲ့ ‌စ..(စစ်ကောင်စီတပ်သား)တွေ ပျူတွေက ဝက်လက်မြို့အစွန်က မင်းစုရပ်ကွက်က ဘုရားဘေးကနေထွက်လာပြီး ကျွန်တော်တို့ဘက်ကို တတ်လာတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တွေက အရင်မြင်ပေမယ့် ပြည်သူလား ရန်သူလား သေချာကြည့်ပြီးမှ သေချာလို့ လက်နက်ငယ်တွေနဲ့ပစ်တယ်ပေါ့။အဲ့အချိန်မှာပဲ ​သူတို့တွေဘက်က တရစပ်ပစ်ခတ်တော့တာပဲ။”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူများအထိခိုက်အကျဆုံးရှိနိုင်ပြီး ဆက်လက်စုံစမ်းနေကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်)People Revolution Front (Wetlet)၊အမေ့သား(LPDF)၊ မြို့မတိုက်နယ်(ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၈ ရက်)အထိ ပစ်ခတ်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူနှင့်ရဲများ အကျအဆုံးများနိုင်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာမက ဆိုသည်။

သတင်း

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

သတင်း

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

သတင်း

ဇန်နဝါရီ ၈ရက် နံနက် ၅နာရီခွဲ၌ ကျောက်ကြီးမြို့နယ် နတ်သံကွင်းရွာနှင့် ကျောက်ကြီးလမ်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။