Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ လွတ်ငြိမ်း အကျဥ်းသား ၇၀၀၀ကျော်တွင် နိုင်ငံရေးအကျဥ်းသား ၃၀၀ ခန့်သာ ပါဝင်

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

(စစ်​ကောင်စီ အကျဥ်းဦးစီးဝန်ထမ်းအချို့ ကို​​အင်းစိန်​ထောင်​ပေါက်ဝတွင်​​တွေ့ရစဥ်။ (ပုံ​ဟောင်း) ။ဓါတ်ပုံ- The New York Times)
(စစ်​ကောင်စီ အကျဥ်းဦးစီးဝန်ထမ်းအချို့ ကို​​အင်းစိန်​ထောင်​ပေါက်ဝတွင်​​တွေ့ရစဥ်။ (ပုံ​ဟောင်း) ။ဓါတ်ပုံ- The New York Times)

အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၇၀၁၂ ဦး ပြန်လည်လွှတ်ပေးသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းအနက် နိုင်ငံရေးအကျဥ်းသားမှာ ၃၀၀ ခန့်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၆ ရက်အထိAAPPကောက်ခံရရှိသောစာရင်းအရအကျဉ်းသားလွှတ်ပေးမှုဖြစ်စဉ်မှပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၂၂၃) ဦးကို မှတ်တမ်းပြုနိုင်သည်၊ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွားမည်ဟု AAPP က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကလည်း ယခုသီတင်းပတ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ လွတ်မြောက်လာသော်လည်း ထပ်မံ အကျဥ်းချခံရသည့်အခြေအနေများရှိကြောင်း ထောက်ပြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ဇန်နဝါရီ ၄ ရက်တွင်ပင် တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ လွတ်‌မြောက်လာသူများတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင် ပါဝင်ခဲ့သော်လည်း ၎င်းအား အခြားအမှုကပ်ပြီး ထောင်ဘူးဝရှေ့၌ ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။

၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၂၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၉၁၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၆၉၆) ဦး ရှိသည်ဟု AAPP က ဖော်ပြသည်။ထို​ကြောင့်ဖမ်းဆီးခံထားရဆဲ နိုင်ကျဥ်းများမှာ တစ်​သောင်းဝန်းကျင်ကျန်ရှိ​နေဆဲဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းနှင့် အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဟု AAPP က ထုတ်ပြန်သည်။

OHCHRရဲ့ပြောရေးဆိုခွင့်ရအရာရှိဂျရမီ လောရင့်စ်က”အရေးကြီးတဲ့ အချက်အနေနဲ့ စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်လို့ ဆက်လက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နောက်ထပ် ထောင်နဲ့ချီ များပြားတဲ့သူတွေ လွတ်မြောက်ဖို့ ဆက်လက် တောင်းဆိုရမှာ ဖြစ်တယ်”ဟုဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်များကို ဇန်နဝါရိ ၆ ရက်တွင် ပြောသည်။

You May Also Like

သတင်း

စစ်ဆင်ရေးနှင့်ပတ်သက်၍ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

သတင်း

ယမန်နေ့(ဇန်နဝါရီလ ၁ ရက်) ည ၁၁နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ စုပေါင်းရုံး၊ မီးသတ်ရုံးနှင့် ရဲစခန်းများကို မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။