Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်း

ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၆နာရီခွဲခန့်က လမိုင်းမြို့ လက်ဝှေ့ရုံအနီး၌ ဗိုလ်ကြီးညီညီအားရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(YGFက ရှင်းလင်းခဲ့သည့် ဗိုလ်ကြီးညီညီအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဗိုလ်ကျန်ရစ်)
(YGFက ရှင်းလင်းခဲ့သည့် ဗိုလ်ကြီးညီညီအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဗိုလ်ကျန်ရစ်)

CDM ပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၆နာရီခွဲခန့်က လမိုင်းမြို့ လက်ဝှေ့ရုံအနီး၌ ဗိုလ်ကြီးညီညီအားရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

“ထောက်လှမ်းရေးဗိုလ်ကြီးရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး ပြည်သူအမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တဲ့အတွက်များစွာစိတ် မကောင်းဖြစ်ရပါတယ်။အနူးအညွှတ်လဲ တောင်းပန်ပါတယ်ဗျာ။လိုအပ်သည့် ကိစ္စများအားလုံးကိုလည်း ကျွန်တော်အပြည့်အဝ တာဝန်ယူဖြေရှင်းပေးပါမယ်”ဟု ဗိုလ်ကျန်ရစ်က အသိပေးသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

သတင်း

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်း

ယနေ့ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် အဝဗျောကျေးရွာမှ ထားဝယ်ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ရင်းဖြစ်သူ ကိုဖြိုးဆိုသူအား DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ) ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။