Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ် – မုံရွာလမ်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

▪︎အာဏာသိမ်းဒု​ခေါင်း​ဆောင် စိုးဝင်းလာမည်ဟုသတင်းထွက်​နေ

စစ်ကိုင်းတိုင်း၊ ပုသိမ် – မုံရွာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၄ နာရီခွဲခန့်ကစ၍ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က အင်အားအများချထား၍ လမ်းဘေးဝဲယာကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒုစစ်ခေါင်းဆောင် စိုး၀င်း တရုတ်၀မ်ပေါင်ကုမ္ပဏီသို့လာရောက်၍ စစ်ကောင်စီအင်အားအများအပြား ချထားခြင်းဖြစ်သည်ဟု သိရကြောင်း ‌ National Revolutionary Guards အဖွဲ့က ပြောသည်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

“စိုး၀င်း (အာဏာသိမ်းဒု​ခေါင်း​ဆောင်)လာတယ်ပြောတာပဲ။ မနက်လေးနာရီခွဲလောက်ထဲက ကင်းတွေလာချပြီး ခဏနေတော့ ကားတန်းကြီးက ၀မ်ပေါင်ဆီဦးတည်မောင်း လာကြတာ။ မီးတန်းကြီးမှ အရှည်ကြီး။ မှောင်ရည်မပြယ်ခင်ဆိုတော့ မီးနဲ့ ကားသံကိုသာ မြင်ရကြားရတယ်။ ပြည်သူတွေလည်း ကြောက်လန့်တကြားနဲ့ ချမ်းချမ်းစီးစီးအစောကြီး ထပြေးကြရတာ။ ခုတော့ ဖောင်းကားမြောက်ရွာမှာ တပ်စွဲထားတယ်ကြားတယ်။”ဟု National Revolutionary Guards အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိပေး ချက် ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မ​ချင်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့ရှိ ပုသိမ်-မုံရွာ လမ်းတစ်လျှောက် မြန်မာ၀မ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ) မှ ရွှေတောင်ဦးကုန်းအထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန် ‌ National Revolutionary Guards အဖွဲ့က အသိပေးကြေညာထားသည်။

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၁၇ရက်မှ ၂၀ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအခြေနေများကို ဖော်ပြခဲ့သည်။

ဆောင်းပါး

ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။

သတင်း

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

သတင်း

မဲစာရင်းကောက်ယူမယ့်သူတွေအတွက် သင်တန်းကို ရခိုင်ပြည်နယ် ၊စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။