Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့်မ​​​​ကွေးအစပ်ကိုစစ်​ကောင်စီတပ်က​လေ​ကြောင်းမှကင်း​ထောက်၍ ​​ဒေသခံပြည်သူများလေ​ကြောင်းအန္တရာယ်သတိ​ထားရန် PDFများသတိ​ပေး

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

စစ်​ကောင်စီတပ်က ​မြေပြင်တိုက်ပွဲများတွင်ထိခိုက်​သေဆုံးမှုများလာသဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်။ ဓါတ်ပုံ-စစ်တပ်
စစ်​ကောင်စီတပ်က ​မြေပြင်တိုက်ပွဲများတွင်ထိခိုက်​သေဆုံးမှုများလာသဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်။ ဓါတ်ပုံ-စစ်တပ်

စစ်ကိုင်းနှင့်မကွေးနယ်စပ်နေရာများကိုစစ်ကောင်စီတပ်က ​လေယာဥ်ဖြင့်နာရီပေါင်းများစွာကင်းထောက်သွားခြင်းမှာမြေပုံညွှန်းယူ ပစ်မှတ်တင်​ခြင်းဖြစ်နိုင်၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

စစ်ကိုင်းနှင့်မကွေးနယ်စပ် ယောဒေသနှင့်ပုလဲမြို့နယ်ကို ဇန်နဝါရီ ၁၁ရက်တစ်နေကုန်နှင့် တစ်ညလုံး ကင်းထောက်သွားခြင်းဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)မှ PDF တပ်ဖွဲ့ဝင်ကိုနေမျိုးက People’s Spring သို့ပြောသည်။

” လေယာဥ်နဲ့ ကင်းထောက်တာ။ ကြီးလည်းကြီးတယ်။ နိမ့်လည်းနိမ့်တယ်ဗျ။ ဒရုန်းတွေနဲ့လည်း ကင်းထောက်တယ်။ ဒီပတ်ဝန်းကျင်တင်ပတ်ပြီး ကင်းထောက်နေတာ။မြေပုံညွှန်းယူပစ်မှတ်တင်ဖို့လို့ယူဆရပါတယ်” ဟုကိုနေမင်းကပြောသည်။

စစ်ကောင်စီကင်းထောက်လေယာဥ်နှင့် ဒရုန်းအချို့သည်ဂန့်ဂေါ၊ ပေါက်၊ ပုလဲနှင့်မြိုင်ဒေသကို နာရီပေါင်းများစွာ ကင်းထောက်ခဲ့ခြင်းဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ​ပြောသည်။

“ကျွန်တော်တို့ နယ်ကို ကင်းထောက်တာတွေ ပိုလုပ်လာတယ်။ ပြည်သူတွေကိုတော့ ဘေးလွတ်ရာနေရာတွေ အားလုံးဝိုင်း စီမံပေးထားတယ်” ဟုယောနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းထန်တလန်မြို့မှ ချင်းအမျိုးသားတပ်ဦးဌာနချုပ်နှင့် ကေအိုင်အေတပ်ရင်းအချို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲများတွင် အထိနာနေပြီး အင်အားလည်းချိနဲ့လာသည့် စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုကာ ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေး ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

သတင်း

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

သတင်း

ရေစကြို လဝက ရုံးဟာ မနက် ၁ နာရီလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး လဝက ရုံးကို ပြာချပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။