Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကာကွယ်ရေးနှင့် PSPT တို့ပူးပေါင်းကာ စစ်လက်နက်ထုတ်လုပ်ရေး ဆက်လက်ပူးပေါင်းလုပ်ဆောင်နေဟု အသိပေး

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

(လက်နက်ထုတ်လုပ်​ရေးလုပ်ငန်းခွင်တစ်ခု။ ဓါတ်ပုံ-MOD)
(လက်နက်ထုတ်လုပ်​ရေးလုပ်ငန်းခွင်တစ်ခု။ ဓါတ်ပုံ-MOD)

▪︎မကြာမီ အများအပြားထုတ်လုပ်နိုင်သည့်အနေအထားမျိုး ရောက်ရှိနေဟု NUG ပြောရေးဆိုခွင့်ရှိသူ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT)တို့ ပူးပေါင်းကာ လက်နက်ထုတ်လုပ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

ယင်းသို့ စစ်လက်နက်ထုတ်လုပ်ရေးနှင့်ပတ်သက်၍ “MoD အနေနဲ့ PDF တပ်ရင်းတွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့အတွက် လက်နက်ဝယ်ယူဖြည့်တင်းခြင်းအပြင် ကိုယ်တိုင်တပ်ဆင်ထုတ်လုပ်တဲ့ နည်းလမ်းကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ သေချာစနစ်တကျ သုတေသနတွေလုပ်ပြီး ကျွမ်းကျင်တဲ့သူတွေနဲ့ တပ်ဆင်ထုတ်လုပ်နေတာတွေလည်း စတင်နေတာ ဖြစ်ပါတယ်။ အချို့သော လက်နက်တွေဆိုရင် ထုတ်လုပ်မှုအောင်မြင်ပြီး တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေ ရှိသလို စမ်းသပ်မှုအဆင့် အတိုင်းအတာတစ်ခုအထိ ရောက်ပြီးတော့ မကြာခင်မှာ mass production(အများအပြားထုတ်လုပ်ရေး) အနေနဲ့ ထုတ်လုပ်မယ့် အနေအထားမျိုး ရောက်ရှိနေတာလည်း ရှိပါတယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများထဲတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့တွင် တိုက်ခိုက်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်ဟု ဖော်ပြသည်။

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT)မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့် ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ပြည်သူ့ဘက်ရပ်တည်လာသော စစ်သားများဦးစီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ဘက်ရပ်တည်လာမည့်လူများကို ဆက်လက်ကြိုဆိုနေမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနှင့်မပူးပေါင်းနိုင်သေးသူများကိုလည်း ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ရန်(သို့မဟုတ်) အမာခံသတင်းပေးများအဖြစ် ရပ်တည်ရန် တိုက်တွန်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အစိုးရအနေဖြင့် လူထုလမ်းညွှန်မှုကို ခံယူသကဲ့သို့ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထား အမြင်များကိုလည်း လေးစားစွာ နားထောင်နေကြောင်း ၎င်းက ဆက်​ပြောသည်။

သတင်း

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။