Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးခရိုင်ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင်ဆိုသူ ဒုရဲမှူးလှိုင်မင်းသန့်အား ရှင်းလင်းခဲ့ဟု ရေးပြောက်ကျားတပ်ပြော

ယမန်နေ့ကလည်း မွန်ပြည်နယ် လမိုင်းမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF က အသိပေးထားသည်။

မွန်ပြည်နယ်၊​​ ရေးခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင် ဒုရဲမှူးလှိုင်မင်းသန့်အား ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ –YGFက ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဒုရဲမှူးလှိုင်မင်းသန့်အား ယမန်နေ့ (ဇန်နဝါရီ ၁၁ရက်) ည ၈ နာရီ ၁၅မိနစ်ခန့်က ရေးမြို့နယ်၊ အောင်သုခရပ်ကွက် အုန်းတောအစု တွင် မိုင်းဖြင့်ခွဲကာ ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

၎င်းတို့ရှင်းလင်းခဲ့သည် ဒုရဲမှူးလှိုင်မင်းသန့်သည်ပြည်သူများကို လက်နက်ပြ၊အနိုင်ကျင့်၊ခြိမ်း ခြောက် ငွေတောင်းခံနေသူဖြစ်ကြောင်း YGF က အသိပေးသည်။

“အောင်သုခရပ်ကွက် နုရတနာစားသောက်ဆိုင်နားမှာ ဗုံးပေါက်တာ။ သေတဲ့သူရှိလားဆိုတာတော့ မပြောတက်ဘူး”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း မွန်ပြည်နယ် လမိုင်းမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF က အသိပေးထားသည်။

ထို့အပြင် CDMပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီး ညီညီ ကိုလည်း ဇန်နဝါရီ ၉ရက်တွင် YGF က ရှင်းလင်းခဲ့သည်။

You May Also Like

သတင်း

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၆နာရီခွဲခန့်က လမိုင်းမြို့ လက်ဝှေ့ရုံအနီး၌ ဗိုလ်ကြီးညီညီအားရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။