Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဝင်လာ၍ ပြည်သူများ ညအချိန်မတော်ထွက်ပြေးတိမ်းရှောင်ရ

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

ဓာတ်ပုံ - Acid
ဓာတ်ပုံ - Acid

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ကာ ထိုးစစ်ဆင်ဝင်ရောက်လာ၍ မြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၁၁ ရက်) ည ၁၁နာရီခန့်က မန္တလေးတိုင်းဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြစ်ရိုးတစ်လျှောက်ကျေးရွာများ အချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတ​ပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။

ထို့နောက် မြစ်တစ်ဖက်ကမ်းရှိ ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ကမ်းဘေးရွာများအား လက်နက်ကြီး ၈ချက်ထပ်မနည်း ပစ်ခတ်ခဲ့ကြောင်း Wetlet Information Ntworkက အသိပေးသည်။

“အဲဘက်ကရွာတွေကတော့ အမြဲလိုလို ပြေးနေရတာပဲ။”ဟု ဝက်လက်နယ်​ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၀ရက် ညကတည်းက မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ အင်အား ၅၀ခန့်ဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ​ပစ်ခတ်ခဲ့ကြောင်း ALDFအဖွဲ့ မြေပြင်သတင်းနှင့် ပြန်ကြားရေး Acidက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။

သတင်း

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။