Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေး ကြေညာသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ပစ်ခတ်မှုများရှိနေ၍ အရေးပေါ်ကိစ္စမှအပ ယနေ့ည ၉ နာရီမှ နံနက် ၅နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာရေး မပြုကြရန် PDF-South Monywaက သတိပေးသည်။

Public Service Announcement
Public Service Announcement

မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ PDF-South Monywa တာဝန်ခံ ဒေါင်းကာရံက “ဒီနေ့ နေ့လယ်ကတည်းက တောပုကပျူတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ ခုညပိုင်းလည်းအခြေအနေရှုပ်ထွေးနေဆဲပါ။”ဟု ပြောကြားသည်။

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

သတင်း

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

သတင်း

ရေစကြို လဝက ရုံးဟာ မနက် ၁ နာရီလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး လဝက ရုံးကို ပြာချပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။