Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်းစခန်းမှထွက်လာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၁ရက်) ညနေ ၄နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ စစ်ကိုင်းနှင့် မြင်းမူကြား ညောင်ပင်ဝန်းရဲစခန်းမှ ထီးဆောင်းကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား၃၀ခန့်ပါ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M.N.R.Fက အသိပေးသည်။

မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးရှိ ထောင်ထားသည့်ပွိုင့်ရှေ့တွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိချိန် ပဒေသာမိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်အနေအထားအရ ပြန်လည်ပစ်ခတ်မှုများရှိသောကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း M.N.R.Fက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAMငါးထောင့်ကြယ် ညီနောင်နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီးအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ M.N.R.Fအဖွဲ့ထံ ဆက်သွယ် မေး​မြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကြာညှပ်က ပြောသည်။

သတင်း

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။