Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ရွှေဘို-ကျောက်မြောင်းလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်း လမ်းဆုံနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရွှေဘို-ကျောက်မြောင်းလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်း လမ်းဆုံနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီအရာရှိအပါအဝင် စစ်အုပ်စုလိုက်ပါလာသော Kluger ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BurmaRangers (ShweBo)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် ကျောက်မြောင်းမှ ရွှေဘိုမြို့သို့လာသည့် စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ငါးဦးလိုက်ပါလာသည့် Klugerအဖြူရောင်ယာဥ်အား အုန်းပေါက်ကျေးရွာ အနောက်ဘက်တွင် ပဒေသာမိုင်း (၈)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း BurmaRangers (ShweBo)အဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး ကားမောင်းသမားမှာ မိုင်းထိဒဏ်ရာဖြင့် ရွှေဘိုမြို့သို့ဆက်လက်မောင်းနှင်သွားရာ ရွှေဘိုအရောက် သေဆုံးသည်ဟု BurmaRangersအဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ BurmaRangersအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Facebook

You May Also Like

သတင်း

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

သတင်း

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ ဘွေလီဂိတ်စခန်းအား CDFက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။