Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ဟားခါးလမ်းရှိ ငလိုင်ရွာ စစ်ကောင်စီတပ်ဝင်စီး၍ CDFနှင့် တိုက်ပွဲဖြစ်

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - မတူပီ CDF)
(မတူပီ CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - မတူပီ CDF)

▪️စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးပျောက်ဆုံးနေ

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးလည်း အဆက်အသွယ်ပျောက်ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ငလိုင်ရွာအတွင်း ခြေကုပ်နေရာယူထားကာ ယခုညပိုင်းအထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

မတူပီ – ဟားခါးလမ်းပေါ်၌ အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေရှိကြောင်းလည်းမတူပီ CDFက အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ အားလုံး ဖြတ်တောက်ခံထား၍ မတူပီ CDFအနေဖြင့် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။

သတင်း

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။

သတင်း

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။