Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ NUGထုတ်ပြန်

အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုဟာ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေနဲ့ ၎င်းရဲ့ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရက ယုံကြည်ကြောင်း ဖော်ပြပါတယ်။ အာဆီယံမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်မှု စတင်တဲ့အချိန်ဟာ မြန်မာနိုင်ငံအရေးနဲ့ စပ်လျဉ်းပြီး လူထုရဲ့သဘောထား တဟုန်ထိုးမြင့်တက်နေတဲ့ကာလ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေတယ်လို့ NUGက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

▪️မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြဖို့ အောင်လအန်ဆန် တိုက်တွန်း

မြန်မာMMAဖိုက်တာ အောင်လအန်ဆန်ဟာ ဒီနေ့ မနက်ပိုင်းယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲစဉ်မှာ ဘရာဇီးဖိုက်တာ ဂယ်ဗာအိုကို အနိုင်ရအပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်မှာ မြန်မာပြည်သူတွေအတွက် အရမ်းခက်ခဲခဲ့ပေမယ့် အားလုံးစိတ်အားတင်ထားဖို့ အောင်လအန်ဆန်က ပြောပါတယ်။ အောင်လအန်ဆန်ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ One Championship MMA (Catch Weight) စိန်ခေါ်ပွဲမှာ ဘရာဇီးဖိုက်တာ ဂယ်ဗာအိုနဲ့ ထိုးသတ်ခဲ့ပြီး ပွဲအစ ၁ မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ရခဲ့ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် အောင်လအန်ဆန် တိုက်တွန်း
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် အောင်လအန်ဆန် တိုက်တွန်း

▪️ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးအပေါ် မြန်မာစစ်တပ် ခြိမ်းခြောက်နေဟု လုံခြုံရေးကောင်စီကို သံအမတ်ကြီး ပြော

ဖက်ဆစ်စစ်တပ်ဟာ ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကြဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေသည်မှာ လွန်စွာထင်ရှားတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောပါတယ်။ လုံခြုံရေးကောင်စီဟာ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေဖို့ အရင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့တာကြောင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်တဲ့ ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့လည်း အလားတူဆောင်ရွက်နိုင်ဖို့ လုံခြုံရေးကောင်စီမှာ လိုအပ်တဲ့ လုပ်ငန်းစဉ်များ ရှိနေတယ်လို့ သံအမတ်ကြီးက ထောက်ပြပါတယ်။

▪️သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းကို ဖျက်ဆီးပြီး စွန့်ခွာသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စခန်းရှိ စစ်ကောင်စီတပ်သား ၂၀ နဲ့ တပ်ကူအင်အား အပါအဝင်စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်မှာ မနေ့ညပိုင်းက ရေလမ်းကြောင်းမှတဆင့်ထွက်ခွာခဲ့တယ်လို့ဆိုပါတယ်။ ရဲစခန်းဝင်ပေါက်နဲ့ ဆိုင်းဘုတ်ကို ဆေးဖြူများသုပ်သွားတဲ့အပြင် ကင်းတဲ၊ ဘန်ကာများဖျက်ဆီးထားခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး
လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး

▪️မိုင်းဆင်နေတဲ့ PDFများကို စစ်ကောင်စီတ​ပ် ပိတ်ဆို့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေစဥ် စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့ရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပါတယ်။ PDF အဖွဲ့ပိုင် ကားသုံးစီးအပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့တယ်လို့ သေမင်းတမန်ပြောက်ကျားအဖွဲ့ (Salingyi)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ မြောက်ဘက်ကို မီးရှို့ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းကွင်းများ ပြင်ဆင်စောင့်နေချိန်မှာ စစ်ကောင်စီဘက်က စစ်ကြောင်း နှစ်ကြောင်းနဲ့ ပိတ်ဆို့ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။ PDF ရဲဘော်တစ်ဦးခြေထောက်ကျည်ထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(ဆုံးရှုံးခဲ့သော ကားသုံးစီးနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️သထုံရှိ ခမရ(၉)တပ်ရင်းကို HRSနှင့် KNLA ပူးပေါင်းတိုက်ခိုက်

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းပကျေးရွာရှိ စစ်ကောင်စီရဲ့ ခမရ(၉)အထိုင်တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု များပြားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်မှာ တိုက်ပွဲဝင်နေတဲ့ Hawk Revolutionary Squad(HRS)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှာ ခမရ(၉) ရဲ့အထိုင်တပ်ရင်းကို HRS နဲ့ KNLA တပ်ရင်း(၂)၊ တပ်ခွဲ(၃) ပူးပေါင်းတပ်ဖွဲ့မှ (၆၀)မမ ဗုံးသီးများ၊ (၄၀)မမ ဗုံးသီးများနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် အဆောက်အဦးများပျက်စီးကာ စစ်ကောင်စီတပ်သားများ အထိအခိုက်များပြားခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၂ရက် နေ့ခင်းက ဖာပွန်(မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီစစ်တပ်က တိုက်လေယာဉ် လေးစင်းနဲ့ ဗုံး(၈)လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရွာအတွင်း ဗုံး ၆လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။ သေဆုံးသူများမှာ အသက် (၄၅)နှစ်အရွယ် (ကတ်သလစ် သင်းအုပ်ဆရာ) စောရယ်ဒီ၊အသက် (၃၈) နှစ်အရွယ် (နှစ်ခြင်းခရစ်ယာန် အသင်းအုပ်ဆရာတော်) စောချမ်အေး၊ အသက် (၃၅)နှစ်အရွယ် စောဖါးဘလယ်၊ အသက် (၂၇)နှစ်အရွယ် နော်လါးခလယ်ဖောနဲ့ ၎င်းရဲ့ သမီးဖြစ်သူ အသက် (၂)နှစ် (၁၁)လအရွယ် ကလေးငယ်တို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

▪️ရေဦးနယ်အနောက်ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ဒုတိယအပတ်မှာ ဒီပဲယင်းနယ်မှတဆင့် ရေဦးမြို့နယ်ဘက်သို့ ကူးသန်းလာရာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးခဲ့လို့ မနေ့ညပိုင်းအထိ ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

You May Also Like