Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအား ဘုရားကျောင်းတက်သည့် တနင်္ဂနွေနေ့၌ မီးရှို့ဖျက်ဆီး

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအဆောက်အအုံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-People's Defense Comrade
မီးရှို့ဖျက်ဆီးခံရသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအဆောက်အအုံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-People's Defense Comrade

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ၌ နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို ယင်းဘယသာဝင်တို့​၏ ဘုရားကျောင်းတက်သောနေ့ တနင်္ဂနွေနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။

၁၈၉၄က တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၉ နှစ် နီးပါးရှိ သမိုင်းဝင် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မဘုရားကျောင်း” ခရစ်ယာန် ကက်သလစ်သာသနာ ဗိမာန်တော် ဘုရားရှိခိုးကျောင်းတော်ကြီးနှင့် ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါအဝင် ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက် ၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း People’s Defense Comrade အဖွဲ့က အသိပေးသည်။

“အကုန်ပြာကျသွားခဲ့ရပြီး ဘုရားရှိခိုးကျောင်း ခေါင်းလောင်းစင်ကြီးပါ မီးလောင်ပြိုကျခဲ့ရပါတယ်။”ဟု People’s Defense Comrade အဖွဲ့က အသိပေးသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၂ မေလ၊ ဇွန်လနှင့် ဒီဇင်ဘာအတွင်းကလည်း သုံးကြိမ်တိုင် ဝင်ရောက်ဖျက် ဆီးမီးရှို့ခဲ့ကြောင်း၊ ယခုအကြိမ်သည် လေးကြိမ် မြောက်ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း People’s Defense Comrade အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့ကောင်းချီးနဲ့အတူ ခရစ်ယာန်ဘာသာဝင်များ ဒီနေ့ဒီလိုအချိန် မွန်မြတ်သော တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကြီးက သာယာနာပျော်ဖွယ် ခေါင်းလောင်းသံတွေကြားရမယ့်အချိန်၊ ဘုရားရှိခိုးကျောင်းကို အတူတူတက်ကြရမယ့်အချိန် နေ့မျိုးမှာ ဘာသာဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ရင်ဘတ်ထဲကို မီးလောင်တိုက်သွင်းခံခဲ့ရပါတယ်။”ဟု People’s Defense Comrade အဖွဲ့က အသိပေးသည်။

ချမ်းသာကျေးရွာသို့ မန္တလေးကက်သလစ်သနာရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ကျော် ၅၀၀ နီးပါးရှိခဲ့ပြီး ပေါ်တူဂီနွယ်ဘွားများ ပေါက် ဖွားရာ ရှေးဟောင်းသမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်အများစုရှိသော်လည်း ဗုဒ္ဓဘာသာဝင်ရပ်ကွက် နှစ်ခုနှင့် အတူယှဥ်တွဲနေထိုင်ခဲ့ကာ အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ - ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။

သတင်း

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။

သတင်း

ဇန်နဝါရီ ၁၃ရက်တိုက်ပွဲတွင် MNDAA ဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ယမန်နေ့တိုက်ပွဲ၌ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။