Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)၏ ထုတ်ပြန်ကြေငြာထားချက်အပေါ် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် KNLA မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များမှ အသိပေးပြောဆိုထားသည်။

ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း

ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းအသုံးမပြုဖို့တားမြစ်ရခြင်းက ခရီးသွားများထိခိုက်မည်စိုးသည့်အတွက်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)​ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်းတွင် လက်ရှိကာလ၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထု ခရီးသွားလာရာတွင် အလွန်အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်၍ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များအနေဖြင့် ယနေ့ ဇန်နဝါရီလ(၁၆)ရက်မှ (၂၃)ရက်အထိ လုံး၀သွားလာခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)က စာထုတ်ပြန်ထားသည်။

” ပြီးခဲ့တဲ့တစ်ပတ်ကပဲ အဲ့ဒီမှာ တပ်ရင်း(၃)ရင်းစလုံး ဝင်ပြီးတော့ တိုက်ခိုက်တဲ့အနေအထားတစ်ခု ဖြစ်ပွားခဲ့တယ်။ ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေက အကြီးအကျယ်ဖြစ်နေတာရှိတဲ့အခါကျတော့ ပြည်သူလူထုသွားလိုက်လာရင် ထိခိုက်မှာဆိုတဲ့ အဲ့ဒီအကြောင်းအရာပဲဖြစ်ပါတယ်။ အဲ့ဒါလည်း လူထုအတွက်ပဲပြောတာဖြစ်ပါတယ်။ တခြားအကြောင်းအရာတော့ မရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)၏ ထုတ်ပြန်ကြေငြာထားချက်အပေါ် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် KNLA မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များမှ အသိပေးပြောဆိုထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ဇန်နဝါရီလ(၄)ရက်က စစ်ကောင်စီတပ်၏ တပ်ရင်းအခြေစိုက်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။

ယခုလို ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ချောင်း၀၊ အလယ်ရွာ၊ ကြခတ်ချောင်း၊ သမိန်လစ် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ဆင်ရေးများဝင်ရောက်လှုပ်ရှားနေသည့်အတွက် KNLA တပ်မဟာ(၆) မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ(၁၆၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု ဒေသခံအဖွဲ့အစည်းထံမှ သိရသည်။

ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး စစ်ဆင်ရေးဝင်ရောက်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ကာ ပေါ်တာနှင့် လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ အရပ်သားတချို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းစသည်တို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားချက်များရှိသည်။

You May Also Like

သတင်း

အဆိုပါ ထုတ်ပြန်ချက်ကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်နှင့် လက်ရှိ စစ်ရေးအခြေ အနေအား မေးမြန်းရန် ခရိုင်အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

သတင်း

ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။