Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင်သုံးဦး ဒဏ်ရာရ

“အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

(ယမန်နေ့က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လွိုင်လင်လေးမြို့မှပြည်သူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်နေစဥ်၊ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတ အသင်း)
(ယမန်နေ့က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လွိုင်လင်လေးမြို့မှပြည်သူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်နေစဥ်၊ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတ အသင်း)

ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားမိသားစုဝင် သုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့နှင့် ဆက်စပ်ရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နေ့လည် ၃ နာရီခန့်က လွိုင်လင်လေးမြို့တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး မိသားစုဝင်သုံးဦး ထိမှန်ခဲ့ခြင်းဟု ဆိုသည်။

“အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးထိမှန်သော အရပ်သားသုံးဦးမှာဦးကျော်ဝင်း ညာဖက်လက်မောင်းပွင့်ထွက်၊ဘယ်ဖက်ခြေချောင်း(၂)ချောင်းပြတ်ဒဏ်ရာရခဲ့ကာ မသန်းသန်းစိုးမှာ ညာဖက် လက်မောင်းယမ်းစထိမှန်ဒဏ်ရာနှင့် ဒေါ်မေဇင်ညွန့်မှာ ညာဖက်လက်မောင်းယမ်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက လွိုင်ကော်မြို့မီးသတ်ကုန်းလမ်း၌ စစ်ကောင်စီ၏ လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ တစ်ဦးထိခိုက်သေဆုံးခဲ့ရကာ ယခုလဝက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးထားရသည်။

You May Also Like

သတင်း

ထုတ်ပြန်ချက်ပါ အချက်များအား လေးစားလိုက်နာမှု မရှိပါကပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။