Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် ပျူရွာရှိ စစ်အုပ်စုကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)
(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ သရက်ကန်ရွာကို မဟာမိတ်အဖွဲ့များဝင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက် သေဆုံးမှုရှိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၁၃ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူအင်အား ၁၈၀ ခန့်ရှိသော မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန်ကျေးရွာ ပျူစခန်းအား လက်လုပ်လက်နက်ကြီး (၁၀၀) မမ၊ (၁၂၀) မမ၊ ရော့ကတ်များဖြင့် အချက် ၈၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး လေးဦးသေဆုံးနိုင် ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နာရီဝက်ခန့်အကြာတွင် ဆုတ်ခွာခဲ့ပြီး ထိုစစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)နှင့် မဟာမိတ်ညီနောင်များဖြစ်သော မြိုင်မြို့နယ်ပြည့်သူ့ကာကွယ် ရေးတပ်ဖွဲ့ – တပ်ရင်း(တပ်ရင်း၁)၊ တပ်ခွဲ(၁)၊ (၂)၊ (၄) စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ အောင်းကြီးတပ်ဖွဲ့၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ၊ Myaing warriors Hero New GZ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။

နိုင်ငံတကာ

ဇန်နဝါရီ ၁၄ ရက်တုန်းက ရုရှားဟာ ယူကရိန်းရဲ့ အရပ်မျက်နှာ အသီးသီးကနေ ဒုံးကျည် အစင်းပေါင်း ၂၀ နဲ့ ၃၀ ကြားထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အတော်များတဲ့ အရေအတွက်ကို ယူကရိန်း ကာကွယ်ရေး တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် ၏တပ်ရင်း (၄)ဖြစ်​သောအထူးကွန်မန်ဒိုတပ်ဖွဲ့ -Monywa The Boys ကဦး​ဆောင်၍ ဒေသတွင်းမဟာမိတ်PDFများကတိုက်ခိုက်ခဲ့ခြင်းသည်။