Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးနယ်တွင် စစ်အုပ်စုရွာစဥ်လှည့်မီးရှို့နေစဥ် မြို့ပေါ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

“ပစ်ခတ်တိုက်ခိုက်တာတော့ ၁ နာရီလောက်ကြာပါတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့နား တစိဝိုက်ကျရောက်တယ်လို့ သိရတယ်။”ဟု Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆားလင်းကြီးနယ်တွင် စစ်အုပ်စုရွာစဥ်လှည့်မီးရှို့နေစဥ် မြို့ပေါ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်
ဆားလင်းကြီးနယ်တွင် စစ်အုပ်စုရွာစဥ်လှည့်မီးရှို့နေစဥ် မြို့ပေါ်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ရွာစဥ်လှည့် မီးရှို့နေချိန်တွင် မြို့ပေါ်ရှိ ရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၁၄ ရက် ညနေ ၄နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချထားသော မြို့နယ်ရဲစခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များက (၆၀) မမ၊ (၉၀) မမ၊ (၁၂၀) မမ စသည့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်ခတ်တိုက်ခိုက်တာတော့ ၁ နာရီလောက်ကြာပါတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့နား တစိဝိုက်ကျရောက်တယ်လို့ သိရတယ်။”ဟု Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Black Shadow PDF၊ Black Vote Fighter၊ Salingyi GZ-PDF၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) DRPA ပြည်သူ့တပ်မတော်နှင့် အခြားမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၆ ရက်ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ပတ်အတွင်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်ကောင်စီတပ်ကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၂၀ ကျော်မှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

You May Also Like

သတင်း

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

သတင်း

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

သတင်း

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။