Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ

၂၀၂၃သည် အရေးကြီးသည့်နှစ်တစ်နှစ်ဖြစ်၍ အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင်ဆွေးနွေး ၍ ဆောင်ရွက်ကြရန်လည်း ဝန်ကြီးဦးလွင်ကိုလတ်က ပြောကြားခဲ့ပြီး ဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ
NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ

အတုအယောင်ရွေးကောက်ပွဲ ငြင်းဆန်ပြီး မြေပြင်၌ပြင်းထန်စွာဖိအားပေးရန် ပြည်ထဲရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ ၁၆ရက်၌ ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံမှုတွင် ပြည်ထဲရေးဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ငြင်းဆန်၍ လက်မခံရန် ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြေပြင်တွင် ပြင်းပြင်းထန်ထန် ဖိအားပေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက မြောင်မြို့နယ်အတွင်း၌ မဲစာရင်းကောက်နေသည့် စစ်ကောင်စီ ထွေအုပ်ဝန်ထမ်း လေးဦးအား ဖမ်းဆီးရရှိခဲ့မှု အခြေအနေကို ပြောကြားခဲ့သည်။

၂၀၂၃သည် အရေးကြီးသည့်နှစ်တစ်နှစ်ဖြစ်၍ အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင်ဆွေးနွေး ၍ ဆောင်ရွက်ကြရန်လည်း ဝန်ကြီးဦးလွင်ကိုလတ်က ပြောကြားခဲ့ပြီး ဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။

သတင်း

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။

သတင်း

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။