Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်​ရေယာဥ်မှPDFများသိမ်းဆည်းရရှိခဲ့သော စားနပ်ရိက္ခာများကို စစ်ဘေး​ရှောင်များကို​ပေး​ဝေ

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် ​ရေယာဥ်မှသိမ်းဆည်းရရှိ​သော စားနပ်ရိက္ခာများကိုစစ်​ဘေး​ရှောင်များသို​ကူညီ​ပေး​ဝေရန်ပြင်ဆင်ထားမှု။ ဓါတ်ပုံ-ကျောက်လုံးကြီးKLG)
(စစ်​ကောင်စီတပ် ​ရေယာဥ်မှသိမ်းဆည်းရရှိ​သော စားနပ်ရိက္ခာများကိုစစ်​ဘေး​ရှောင်များသို​ကူညီ​ပေး​ဝေရန်ပြင်ဆင်ထားမှု။ ဓါတ်ပုံ-ကျောက်လုံးကြီးKLG)

ကနီမြို့နယ်တွင်စစ်ကောင်စီတပ်ရေယာဉ်ပေါ်မှ သိမ်းဆည်းနိုင်ခဲ့သော ဆန်နှင့်စားသုံးကုန်များကို စစ်ဘေးရှောင်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ပေး​ဝေခဲ့သည်။

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးတွေရေယာဉ်ကနေ ရတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေနဲ့ အမြဲတမ်းစစ်ဘေးရှောင်တွေဆီဝေတာပါ”ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိကပြောသည်။

ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ဇန်နဝါရီလ ၃ရက်က တိုက်ပွဲတွင် စစ်ကောင်စီရေယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သည်။ ထိုရေယာဉ်ပေါ်မှ သိမ်းဆည်းရရှိခဲ့သည့် ဆန် ၃၅အိတ်၊ပဲသုံးအိတ်နှင့်ဆီတစ်ပုံးကို စစ်ဘေးရှောင်ပြည်သူများထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ ယနေ့(ဇန်နဝါရီလ ၁၇ရက်ညနေအထိ) တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

သတင်း

"ကလေးခေါင်းကို မိုင်းစထိတာ။ လူမှုရေးအဖွဲ့တွေက ဆေးရုံပို့ခဲ့ပေမယ့် မရခဲ့ဘူး။ ကလေးက ဆုံးသွားပါတယ်"ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

သတင်း

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။