Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ဟားခါးလမ်းရှိ ငလိုင်ရွာခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များအား စစ်ကောင်စီ မီးရှို့

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်မှစ၍ ကျေးရွာအတွင်းတပ်စွဲပြီး နေအိမ်များကို မွှေနှောက်ဖောက်ထွင်းခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၆ရက်တွင် နေအိမ် ၅လုံးထက်မနည်း မီးရှို့ခံရသည်ဟုဆိုသည်။

မတူပီ - ဟားခါးလမ်းရှိ ငလိုင်ရွာခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များအား စစ်ကောင်စီ မီးရှို့
မတူပီ - ဟားခါးလမ်းရှိ ငလိုင်ရွာခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်များအား စစ်ကောင်စီ မီးရှို့

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။

မတူပီ – ဟားခါးလမ်း ငလိုင်ကျေးရွာအနီးရှိ CDF – Matupi ရှေ့တန်းကင်းတစ်နေရာကို စစ်ကောင်စီက ဇန်နဝါရီ ၁၅ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်မှစ၍ ကျေးရွာအတွင်းတပ်စွဲပြီး နေအိမ်များကို မွှေနှောက်ဖောက်ထွင်းခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၆ရက်တွင် နေအိမ် ၅လုံးထက်မနည်း မီးရှို့ခံရသည်ဟုဆိုသည်။

ဇန်နဝါရီ ၁၇ရက်တွင် ဘုရားကျောင်းနှင့် လူနေအိမ်အများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ငလိုင်ရွာကိုအင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး သုံးရက်တာ ခြေကုတ်နေရာယူထားပြီး ငလိုင်ရွာရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် လူနေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ဇန်နဝါရီ ၁၇ရက် ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် မတူပီ CDF တာဝန်ရှိသူထံသို့ ယနေ့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း CDF ရဲဘော် တစ်ဦး ကျဆုံးပြီး မောင်းပြန် ၂လက်၊ ခါးချိုး သေနတ် ၂လက်၊ ဆိုင်ကယ် ၁၁စီး၊ လက်ကိုင်ဖုန်း ၇လုံး နှင့် ကျည်အများအပြား နှင့် ကျပ်၁၅ သိန်း ဆုံးရှုံးခဲ့ကြောင်း မတူပီ CDF က အသိပေးထားသည်။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

သတင်း

"စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။"ဟု Wetlet Information Network အဖွဲ့က ပြောသည်။

သတင်း

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

သတင်း

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။