Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမြို့ရှိ တပ်ရင်း ၂ခုအပါအဝင်စစ်ကောင်စီပစ်မှတ် ၄နေရာအား KNLA၊ HRS တို့ကဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ငယ်များဖြင့်အချိန်အတော်ကြာပြန်လည်ပစ်ခတ်ခဲ့ပြီး၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများလည်းပြုလုပ်ခဲ့သည်ဟုဆိုသည်။ရဲစခန်းရှိ ရဲ (၃)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိပြီး ကား၁စီးပျက်စီးခဲ့​ကြောင်းထုတ်ထားသည်။

(HRS မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓါတ်ပုံ-HRS)
(HRS မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓါတ်ပုံ-HRS)

▪︎ရဲနှင့် စစ်ကောင်စီတပ်သားသေဆုံးထိခိုက်ရှိဟုHRSထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁)နယ်မြေဘီးလင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်ပစ်မှတ်​လေး နေရာကိုတစ်ရက်အတွင်းတိုက်ခိုက်ခဲ့ကြောင်း( HRS)Hawk Revolutionary Squadက ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။

ဘီးလင်းရှိ စစ်ကောင်စီ၏ ခလရ(၈)တပ်ရင်း ၊ခမရ(၃)တပ်ရင်း၊ထွေအုပ်ရုံး နှင့်ရဲစခန်းတို့အားHRSနှင့်KNLAတပ်ရင်း၂ (တပ်ခွဲ၂+တပ်ခွဲ ၃ )ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၁၈ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဘီးလင်းရဲစခန်း အား ဗုံးသီး ၃လုံး ဖြင့် တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးအား ဗုံးသီး ၁လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း HRSက ဆိုသည်။

စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ငယ်များဖြင့်အချိန်အတော်ကြာပြန်လည်ပစ်ခတ်ခဲ့ပြီး၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများလည်းပြုလုပ်ခဲ့သည်ဟုဆိုသည်။ရဲစခန်းရှိ ရဲ (၃)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိပြီး ကား၁စီးပျက်စီးခဲ့​ကြောင်းထုတ်ထားသည်။

ဒဏ်ရာရ ရဲများအား ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ထွေအုပ်ရုံး၌ အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း​ဖော်ပြထားသည်။

“ဤတိုက်ခိုက်မှုမှာအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ အလိမ်အညာရွေးကောက်ပွဲအတွက် ထောက်တိုင်များဖြစ်သော ထွေအုပ် နှင့် ရဲစခန်းတို့အား မိမိတို့အနေဖြင့် “ပဏာမသတိပေးခြင်း” မျှသာဖြစ်ပြီး စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းမည့် မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်‌ချေမှုန်းသွားမည်ဖြစ်သည်” ဟု HRSက ထုတ်ပြန်သည်။

နေ့လည်ပိုင်း၌ ဘီးလင်း ခလရ(၈) တပ်ရင်းအား ဗုံးသီး ၄လုံးဖြင့် တိုက်ခိုက်ရာ တပ်ရင်းဝန်းအတင်း ဗုံးသီးအားလုံးထိမှန်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ပူးပေါင်းတပ်က ၄၀ မမဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ ခလရ(၈)တပ်ရင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး အခြား ထိခိုက်မှုများ ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

ခမရ(၃) တပ်ရင်းကို ယင်းနေ့ ညနေပိုင်း၌ ဆက်လက်တိုက်ခိုက်ခဲ့ရာ ရှေ့တန်းထွက်မည့် စစ်ကောင်စီတပ်များ အစည်းအဝေး လုပ်ဆောင်စဉ် ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီး အရာခံ ဗိုလ်(၃)ဦး အပါအဝင် ၈ ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူ အရေအတွက် ပိုများနိုင်သည်ဟု ဖော်ပြသည်။

စစ်​ကောင်စီတပ်​ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုPeople’sSpring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ယခု တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများကို မြေပြင်သတင်းရင်းမြစ်များ၊ တပ်တွင်းမှသတင်းပေးများထံမှ အတည်ပြုထားခြင်းဖြစ်ကြောင်း HRSက အသိပေးခဲ့ပြီး တိုက်ခိုက်မှုမှတ်တမ်းများကို မကြာမီ ဆက်လက်ထုတ်ပြန်ပေးမည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတင်း KNLA/HRS ပူး​ပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

“Aerial Bomb တွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့နဲ့ missionsတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခက်ခဲနေတာကြောင့် ပြည်သူတွေအနေနဲ့ ထပ်ပြီးအားထည့် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်”ဟု HRSတာဝန်ခံ Hax Linnက​ပြောသည်။

HRS သည် KNU /KNLA သထုံခရိုင်တပ်မဟာ ၁နယ်မြေအတွင်းလှုပ်ရှားတိုက်ပွဲဝင်​နေ​သောအဖွဲ့ဖြစ်ပြီး ၊စစ်ဆင်​ရေးအများစုကို KNLA နှင့်ပူး​ပေါင်းတိုက်ပွဲဝင်​နေခြင်းဖြစ်​ကြောင်းသိရသည်။

ဘီးလင်းရှိ စစ်ကောင်စီ တပ်ရင်းများအား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တပ်မဟာ(၁)နယ်မြေရှိ KNLA တပ်မှူးအား မေးမြန်းရာ မြေပြင်မှ သတင်းမတက်လာသေးဟု ယမန်နေ့က ပြောကြားထားသည်။

You May Also Like

သတင်း

ဗုံးချတိုက်ခိုက်ရာနေရာများသို့ နာရေးကားများရောက်ရှိလာခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

လာရှိုးဘက်မှ လာသည်ဟုယူဆရ​သောစစ်​ကောင်စီ ​လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်​နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ည​နေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ည​နေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်း...

သတင်း

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

သတင်း

ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်းကို ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန် ရက်မှတဆင့် အသိပေးခဲ့သည်။