Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကံမမြို့နယ်မှ ရေနံ့သာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ ရဲတစ်ဦးထိခိုက်

ယနေ့(ဇန်နဝါရီ ၂၂)ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ကံမမြို့ နယ်၊ ရေနံ့သာတိုက်နယ်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကံမမြို့နယ်မှ ရေနံ့သာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ ရဲတစ်ဦးထိခိုက်
ကံမမြို့နယ်မှ ရေနံ့သာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ ရဲတစ်ဦးထိခိုက်

မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရေနံ့သာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force က ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၂)ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ကံမမြို့ နယ်၊ ရေနံ့သာတိုက်နယ်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခြင်းခတ်နေတဲ့ ရဲတွေကို ချတာပါ။ ရဲတွေက ဒရုန်းကို မြင်တော့ ပြေးတယ်။ ပြေးတဲ့နေရာကို လိုက်ပြီး မှန်းချခဲ့တာပါ”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲတစ်ဦးထိခိုက်သွားပြီး အခြားရဲနှစ်ဦးက တွဲခေါ်ကာ စခန်းနှင့်ကပ်လျှက်မှ တိုက်နယ်ဆေးရုံထဲသို့ ပို့ဆောင်လိုက်ရကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

ယခုတိုက်ခိုက်မှုသည် သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force၏ ပထမဆုံး ဒရုန်းစစ်ဆင်ရေးဖြစ်ပြီး တပ်ဖွဲ့ရံပုံငွေနည်းပါးမှုကြောင့် အသုံးပြုပြီးဒရုန်းတစ်စင်းသာ ဝယ်ယူအသုံးပြုနိုင်သေးကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

သတင်း

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

သတင်း

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။