Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAနှင့် စစ်ကောင်စီတပ် မြစ်ကြီးနားမြို့နယ်တိုင်လွမ့်ရွာအနီး တိုက်ပွဲဖြစ်

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊တိုင်လွမ့်ရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း၌ ဖော်ပြသည်။

KIA အမှတ်(၂)တပ်မဟာ အမှတ်(၁၁) တပ်ရင်း နယ်မြေ ဖြစ်သည့် အဆိုပါဒေသသို့ စစ်ကောင်စီတပ်ကစစ်​ကြောင်းထိုးလာ၍ KIAက စောင့်ကြို တိုက်ခိုက်ခဲ့ရာ မတ်လ ၁ရက်နေ့ နံနက် ၁၀နာရီ ခန့်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့သည်ဟု​ဖော်ပြထားသည်။

မနက်ပိုင်းတိုက်ပွဲမှာမိနစ် (၂၀ )ဝန်းကျင်ကြာပြီးနှစ်ဖက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်ကထပ်မံထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟုသိရသည်။

ထိုအပြင်စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးရာအနီးတစ်ဝိုက်ရှိပြည်သူများကို ဖမ်းဆီးခေါ်​ဆောင်သွား​ကြောင်း​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

အဆိုပါဒေသ၌ ဖေဖော်ဝါရီ ၂၈ရက်ကတည်းက စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်လာ၍ KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့​သေးကြောင်းလည်းသိရ သည်။

KIAနှင့်စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းမြောက် မူဆယ် – ကွတ်ခိုင်ကြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

You May Also Like

သတင်း

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။