Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့​သောင်းမြို့နယ်တွင်စစ်​ကောင်စီတပ်စခန်းတစ်ခုကိုပူး​ပေါင်းတပ်တိုက်ခိုက်

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊​ကော့​သောင်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-KTR)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊​ကော့​သောင်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-KTR)

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်း​ကျေးရွာအနီးစစ်ကောင်စီတပ်စွဲထား​သောစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးကြောင်းတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲကနှစ်နာရီလောက်ကြာတယ်။ကော့သောင်းခရိုင်တပ်ရင်း (၁)က ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ရှပ်ထိမှန်ဒဏ်ရာရတယ်။စစ်တပ်ဘက်ကလေးဦးသေဆုံးသွားပါတယ်” ဟု တနင်္သာရီစစ်ဒေသခွဲတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင်ဖေဖော်ဝါရီလ ၂၆ရက်ကလည်းမြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းဂိတ်ကို သွားရောက်တိုက်ခတ်ခဲ့သည်ဟု People’s Defence Force – Federal Column က သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီနှင့်ပျူသုံးဦးသေဆုံးခဲ့ကြောင်းPeople’s Defence Force -Federal Columnက သတင်းထုတ်ပြန်သည်။

ကော့သောင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးလာသဖြင့် ဖေ​ဖော်ဝါရီ တတိယပါတ်မှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။တိုက်ပွဲများဖြစ်ပွား​နေ၍ ​ဒေသခံအချို့ သည်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ကြောင်း​​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်တွင်ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့စစ်တပ်မှ လက်နက်ကြီး နှစ်ချက်ထု၍ အင်အား (၁၇၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကော်သူလေး Army ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး (၅၀)ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့်KTLAမှ ရဲဘော် တစ်ဦးစီလက်နက်ကြီးစထိမှန်ကာမစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။

ထိုအပြင်ဖေ​ဖော်ဝါရီ ၂၃ ရက်တွင်လည်းကော့သောင်းမြို့နယ် နှင့် ခမောက် ကြီးမြို့နယ်ခွဲအကြား မလိဝမ်းရေတံခွန်အနီး ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်စစ်သားသုံးဦးကကင်းပုန်းဝပ်နေသည်ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာစစ်သားနှစ် ဦးဒဏ်ရာရသွားကြောင်းကော့သောင်းမြို့ နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကိုကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မှလုပ်ခဲ့ခြင်းသာဖြစ်ပြီး​ဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်၍စစ်ရေးအရှိန်မြှင့်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။

သတင်း

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။