Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ
ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ

ကော်သူးလေအုပ်ချုပ်နယ်မြေ ဆောထိနှင့် လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပြာကျခဲ့ပြီး ဒေသခံ (၃၀၀၀)ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ-ဆောထိမြို့နယ် အုပ်ချုပ်နယ်မြေ တကက်ပူကျေးရွာတွင် လည်း တိုက်လေယာဉ်နှစ်စီးနှင့် (၅)ကြိမ်လာရောက်ခဲ့ပြီး ဗုံးအလုံး (၂၀) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ တကက်ပူးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများဖြစ်သည့် သေခိုစယ်ဒဲ၊ ကော်မူးဒဲနှင့် ထီးမော်ကွယ်ခီးကျေးရွာများမှ ဒေသခံပြည်သူလူထုများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ထို့အတူ ကေအဲန်ယူ-လယ်ဒိုမြို့နယ် တကော်ဒဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်နှစ်စီးသည် ဗုံး(၈)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူလူထုနေအိမ်(၅)လုံးနှင့် မူလတန်းကျောင်းတစ်ကျောင်း မီးလောင်ပြာကျသွားခဲ့ရပြီး သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည် ကေအဲန်ယူက ထုတ်ပြန်ပြောကြားသည်။

ထို့သို့ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ကေအဲန်ယူ-ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ခန့်က ဒေသခံပြည်သူလူထု(၃၁၅၉)ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ကေအဲန်ယူ-ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့ဝင်များ ယခု မတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ထိုးစစ်ဆင်မှုကြောင့် အရပ်သားပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

You May Also Like

သတင်း

ကြေးနန်းလက်ခံရရှိမှုအရ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှ KNU တပ်မဟာ ခရိုင်သုံးခုတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှု ၂၁ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

သတင်း

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၂၇)ရက် က စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်တပ်ကလက်နက်ကြီး(၆)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။