Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်တွင် ပအဖ ဦး​ဆောင်၍ ရှစ်မိုင်​ကျော်ရှည်​သောကိုယ်ထူကိုယ်ထလမ်း​ဖောက်လုပ်

မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(လက်ရှိတွင် ဆိုင်ကယ်သွားလာနိုင်ပြီး ​နောင်တွင် ကားများ​မောင်းနှင်နိုင်ရန် တိုးချဲ့မည်ဟုတာဝန်ရှိသူက​ပြောသည်။ ဓါတ်ပုံ-ကန်ပက်လက် ပအဖ)
(လက်ရှိတွင် ဆိုင်ကယ်သွားလာနိုင်ပြီး ​နောင်တွင် ကားများ​မောင်းနှင်နိုင်ရန် တိုးချဲ့မည်ဟုတာဝန်ရှိသူက​ပြောသည်။ ဓါတ်ပုံ-ကန်ပက်လက် ပအဖ)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာရှစ်မိုင်နှစ်ဖာလုံအရှည်ရှိသည့် ပထမဆုံးသော ကိုယ်ထူကိုယ်ထလမ်း ဖောက်လုပ်ခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-ကန်ပက်လက် တပ်မဟာမှုးက ပြောသည်။

မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF Kanpetlet တပ်မဟာမှုးဆလိုင်းထွန်းလိန်းထန်းက “ ဒီလမ်းကကိုယ်ထူကိုယ်ထလမ်းပထမဆုံးပါပဲ။ စက်မသုံးနိုင်တဲ့အ‌ခြေအနေတွေမှာ ဆိုင်ကယ်တွေသွားလို့ရအောင် ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ ကား‌တွေသွားလို့ရအောင်၊ ပစ္စည်းတွေကဲ့သယ်လို့ရအောင် လုပ်ခဲ့ကြတယ်” ဟု People’s Spring သတင်းဌာနသို့ပြောသည်။

အဆိုပါလမ်းသည် နောင်တစ်ချိန်တွင် ဒေသတွင်းအဓိကသွားလာရေးတွင်အသုံးပြုမည့်လမ်းပိုင်းဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်​ပြောသည်။

ကန်ပက်လက်မြို့နယ်၏ အရှေ့နှင့်အနောက်ခြမ်းကို အဓိကဆက်သွယ်ထားသည့် ကျင်ဒွေးလမ်းပိုင်းကို စစ်ကောင်စီတပ်က၂၀၂၁ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများ သွားလာရေးနှင့်စားဝတ်နေရေး အပြင်လူမှုရေးအခက်အခဲများ ကြုံတွေ့နေရသည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယင်းအခက်အခဲများပြေလည်စေရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လမ်းဖောက်လုပ်နိုင်ခဲ့ခြင်းမှာဒေသခံပြည်သူများ၏ ငွေကြေးနှင့် လုပ်အားပါဝင်မှု၊ပြည်ပရောက်နေသူများ၏ဖေးမကူညီမှုနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။

သတင်း

စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။

သတင်း

ဖေဖော်ဝါရီမှ ယခုမတ်လ ဒုတိယပတ်အတွင်းအထိ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ မတူပီ - ပလက်၀နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။