Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် – ကသာလမ်း လုံခြုံရေးစစ်ကြောင်းအား KIAနှင့် PDF တိုက်ခိုက်

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား မတ်လ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - IR)
(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား မတ်လ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - IR)

▪️နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၀ဦး ကျော်သေ

စစ်ကိုင်းတိုင်း အင်းတော် – ကသာလမ်းပိုင်းလမ်းလုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်သားများနှင့် ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“ ၂၀ရက်နေ့မှာ KIA က အကိုတွေပြောတာပေါ့နော်။ ၅ယောက်လောက် ပစ်လဲသွားကြတာတဲ့။ နောက်ထပ် ၂၁ရက်နေ့မှာကျတော့ သူတို့ရှေ့မှာ မြင်တာ လေးယောက်လောက်ပစ်လဲသွားတာ နောက်ပြီး ဒဏ်ရာနဲ့ သူတို့လူတွေကို အကူအညီလှမ်းတောင်းနေတာ ကယ်ပါအုံးလှမ်းပြောနေတာတွေကို ကြားနေရတယ်တဲ့”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“အင်းတော် – ကသာလမ်းပိုင်းက ၁၈မိုင်ပဲရှိတာ။ ခဏပဲသွားရတာ။ သူတို့ ပထမရက်က ယာဉ်တန်းမလာခင် လမ်းပိုင်းတွေမှာ သူတို့အရင်ဦးဆုံး လုံခြုံရေးချတာ။ အဲဒီ လုံခြုံရေးချတဲ့ဟာတွေကိုမှ ကြားဖြတ်တိုက်ခိုက်တာ။ နောက်ထပ် ၂၁ရက်နေ့ကျတော့ ယာဉ်တန်းလာတဲ့အခါ ပြန်တိုက်ခိုက်ပြန်တာပေါ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က သေဆုံးသူ ၁၀ဦးကျော်ရှိပြီး သေဆုံး၊ ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကသာ အခြေစိုက် (၃၀၉)တပ်သို့ ခေါ်ဆောင်သွားကြောင်း Indaw Revolution က ဖော်ပြသည်။ KIA၊ KPDF ရဲဘော်များဘက်က ထိခိုက်မှုမရှိ ပြတ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။

သတင်း

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။