Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က ကျေးရွာစီးနင်းမီးရှို့စဉ် ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အဘိုးအိုအား သတ်ဖြတ်သွား

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

(မြကန်ကျေးရွာမှ မီးရှို့ဖျက်ဆီးခံရသောနေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မြကန်ကျေးရွာမှ မီးရှို့ဖျက်ဆီးခံရသောနေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က မြကန်ကျေးရွာအား စီးနင်းမီးရှို့ဖျက်ဆီးစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အဘိုးအိုတစ်ဦးအား သတ်​ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးများသည် အင်အား ၄၀ခန့်ဖြင့် မူးတိမ်ချောင်းတံတား အထိုင်ချစစ်အုပ်စုနှင့်ပေါင်းကာ ယနေ့ (မတ်လ ၂၃ ရက်) နံနက် ၈ နာရီခန့်က မြကန်ကျေးရွာအတွင်း လက်နက်ကြီး၊ငယ် များပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ထို့နောက် ကျေးရွာရှိ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကာ ရွာအတွင်း ထွက်မပြေးနိုင်၍ ကျန်ခဲ့သော အသက်(၆၅)နှစ်အရွယ် ဦးညိုတင်အား သတ်ဖြတ်သွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

အိမ်ခြေ ၂၀၀ ခန့်ရှိ မြကန်ကျေးရွာသည် ရွာသစ်ကုန်းပျူရွာ၏ အရှေ့တောင်ဘက် ပေ၃,၀၀၀ အကွာရှိပြီး စစ်ကောင်စီတပ်က သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီး​ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း နေအိမ် ငါးလုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ မနက်၁၀နာရီလောက်ကတည်းက အထိုင်ချနေရာတွေဆီ ပြန်ဆုတ်သွားပါပြီ။ပြည်သူတွေကတော့ အကုန် ပြန်မဝင်နိုင်သေးပါဘူး။” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ခင်ဦးနယ်တွင် အဆိုပါ စစ်ကြောင်းနှင့် ရွာသစ်ကုန်းပျူများသည် ယခင်ရက်ပိုင်းအတွင်း၌ အနီးဝန်းကျင်ရှိကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

You May Also Like

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။