Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြည့်မြင်တိုင်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်

အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ် တရားရုံး (ပုံအဟောင်းအသုံးပြုထားပါသည်)
ဓာတ်ပုံ - ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ် တရားရုံး (ပုံအဟောင်းအသုံးပြုထားပါသည်)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်းအောက်ထောင့် နှင့် ကမ်းနားလမ်းမပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ကြည့်မြင်တိုင်မြို့နယ်တရားရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18 – Hunter Unitက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃)နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ကြည့်မြင်တိုင်မြို့နယ်တရားရုံးအား အဝေးထိန်းမိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် တရားရုံးအပြင်ဘက် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း KMD18 – Hunter Unit က အသိပေး ဖော်ပြခဲ့သည်။

“ နေ့လည် ၁၂ ကျော်လောက်က ကြည့်မြင်တိုင် ကမ်းနားလမ်းပေါ်က တရားရုံးနားမှာ ဗုံးပေါက်သံအကျယ်ကြီး တချက်ကြားလိုက်ရပါတယ်။ တရားရုံးအပြင်ဘက် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးသွားတာ တွေ့ရတယ်။ လူထိမထိတော့ မသေချာဘူး။ စစ်ကားတစ်စီးကတော့ တရားရုံးဘက်ကနေ ကုတင် ၅၀၀ဘက်ကို မောင်းထွက်သွားတာ တွေ့လိုက်တယ် “ ဟု ကြည့်မြင်တိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်အဖြစ် အပြစ်မဲ့ပြည်သူကို မတရားဖမ်းဆီးနေသော ရဲများနှင့် မတရားပုဒ်မတပ် ထောင်ချနေသော မတရားသူကြီးများကို ပညာပေးဆုံးမလိုခြင်း၊ စစ်ကိုင်းနှင့် ကရင်နီဒေသများအား မတရားနည်းဖြင့် လက်နက်အားကိုး ထိုးစစ်ဆင်ခြင်း တို့ကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KMD18 – Hunter Unit က ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့ညပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်ဧည့်စာရင်းစစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိထားနိုင်ကြရန်လည်း ဒေသခံ တော်လှန်ရေးအင်အားစုက အသိပေးထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။

သတင်း

မတ်လ ၂၀ ရက် နေ့လည်တွင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအတွင်းသို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌AST -MDYက ထုတ်ပြန်ထားသည်။

သတင်း

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

သတင်း

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။