Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူနယ်တွင် ကျေးရွာများဖျက်ဆီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA/PDF တိုက်ခိုက်

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ကချင်ပြည်နယ်ရှိ PDFတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)
(ကချင်ပြည်နယ်ရှိ PDFတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရွှေကူမြို့နယ် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ခုခံတိုက်ခိုက်ခဲ့ကြောင်း ရွှေကူ KPDFက ထုတ်ပြန်သည်။

မတ်လ ၂၃ရက် နံနက် ၉နာရီတွင် ရွှေကူမြို့နယ် ငှက်တံတားရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် အင်အားသုံးဝင်ရောက်လာ၍ KIA/ရွှေကူ KPDF၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ခုံကာကွယ်ခဲ့ကြောင်း၊ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ရွှေကူဒေသခံတစ်ဦးကလည်း “သူတို့က အထက်လမ်းအောက်လမ်း ပတ်ဝင်တာ။ မြို့ပေါ် စည်သာ ပတ်လမ်းခေါ်မှာပေါ့။ ရွှေကူမြို့ အမှတ်(၁)ကနေ အထက်တက်သွားရင် စည်သာဘက် ငှက်တံတား၊ တုံးကောက် ပတ်သွားတာပေါ့။ အဲဒီကနေ မြောက်ဘက်ပတ်ပြီး မြို့ကိုပြန်ဝင်တာ။ အထိအခိုက်တော့ မကြားမိဘူး။ သူတို့ ခြောက်ပစ် လှန့်ပစ်ပြီး ဝင်တယ်လို့ အောက်မေ့တယ်။ နည်းနည်းပါးပါး ပစ်သံတော့ကြားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ အဆိုပါဒေသရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဆိုသည်။

“ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က လက်နက်ကြီးတွေကပရမ်းပတာပစ်တာ။ ပစ်တော့ ရွာထဲတွေ ကျချင်ရာကျ မှန်ချင်ရာမှန် အဲဒီလို ပစ်တာဆိုတော့ ဒေသခံတွေက နည်းနည်းပါးပါး တိမ်းထားရတာပေါ့။ မတိမ်းလို့လည်း အဆင်မပြေဘူး” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

You May Also Like

သတင်း

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

သတင်း

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။