Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးနှင့် တောင်သာမြို့နယ်ရှိ ရဲစခန်း နှင့် စစ်အုပ်စုအား တိုက်ခိုက်

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

(မင်းရွာမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်)
(မင်းရွာမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်တို့ရှိ မြို့မရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ဒရုန်းများဖြင့် တိုက်ခိုက်ရာ သုံးဦးဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

မတ်လ ၂၁ ရက် ည ၈နာရီခန့်နှင့် ၁၀နာရီခန့်က နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအားဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးကို နှစ်ကြိမ်ခွဲ၍ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ များကြောင်း Natogyi People Defence Force၏ သတင်းတာဝန်ခံက ပြောသည်။

မတ်လ ၂၂ ရက် နံနက် ၈ နာရီခန့်ကလည်းနွားထိုးကြီးမြို့နယ်၊ မင်းရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။

“ မင်းရွာမှာ တပ်စွဲထားတာကြာပြီ။ မကြာခဏလည်းအတိုက်ခံရတယ်။ နွားထိုးကြီးနယ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တစ်ခုလိုဖြစ်နေတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (မတ်လ ၂၃ ရက်)က မြင်းခြံခရိုင် တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာရှိ စစ်ဆေးရေးဂိတ်အား ပြင်းအားမြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့်ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၁၊ ၃ ၊ ၄တပ်ရင်းနှင့် Myingyan District Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

You May Also Like

သတင်း

" ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။