Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် စစ်အုပ်စုက ညောင်ဇင်ကြီးရွာ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းတစ်ဦးကို မီးရှို့သတ်ဖြတ်

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️ရွာဦးကျောင်းဆရာတော်ကိုပါ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ဇင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသော အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာရှိ နေအိမ် ၃၀ ကျော်နှင့် လယ်ယာသုံးပစ္စည်းများ၊ စပါးများကိုပါ မီးရှို့ဖျက်ဆီးကာ ရွာဦးကျောင်းဆရာတော်ကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းတို့က ပြောသည်။

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ညောင်ဇင်အရှေ့ကျောင်းရှိ သက်တော် (၆၀)နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးသောမလအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၃၅) နှစ်အရွယ် ကိုမျိုးမင်းဦး(ခ)ကိုထွန်းမင်းဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြော သည်။

စစ်ကောင်စီတပ်နှင့် ပျူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ဇင်ကြီးရွာရှိ နေအိမ် ၃၂လုံး နှင့် ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံးလက်တွန်းထွန်စက် သုံးစီး ၊ ထွန်စက် တစ်စီးနှင့် ဘုန်းကြီးကျောင်းတွင် လာထားကြသော စပါးတင်းရာနှင့်ချီပါ မီးလောင်‌ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

“ ညောင်ဇင်လေးမှာ တပ်စွဲတာ နည်းနည်းကြာပြီ။ ပျူရွာတော့ ပြောမရဘူး။ တချို့ပြည်သူတွေက ထွက်ပြေးနေကြတယ် မနေချင်လို့။ ပျူထဲနေရမှာမို့ အိမ်တွေမီးရှို့မယ်ခြိမ်းခြောက်ပြီးအမြဲပြန် ခေါ်နေတာ။ ဆရာတော်ကိုလည်း ပြန်မလွှတ်သေးဘူး။ဘာကြောင့်ဖမ်းလဲဆိုတာက သူတို့လိုလူစိတ် မရှိတဲ့သူတွေအတွက်တော့ အကြောင်းပြချက်လိုမယ်မထင်ပါဘူး။” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့်ပျူများသည် ကျေးရွာအတွင်းရှိ ရေမီတာများနှင့် မီးမီတာများကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် ညောင်ဇင်လေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ ညောင်ဇင်ဘုန်းကြီးဖုန်းလဲပေါက်ခွဲတယ်။ ဘုန်းကြီးကိုလည်း ရိုက်နှက်တယ်လို့ သတင်းရတယ်။ သူတို့ထွက်သွားတော့ ရွာသားတွေ အပြေးအလွှား မီးပြန်လာငြှိမ်းကြတယ်လို့ သတင်းရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

အဆိုပါ စစ်ကြောင်းကြောင့် ညောင်ဇင်ကြီးရွာနှင့်အနီးအနားရှိရွာမှ ဒေသခံ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ​ဖေ​ဖော်ဝါရီလကုန်အထိ နေအိမ်ပေါင်း ၆၀,၄၅၉လုံး မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

" ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

သတင်း

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။