Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါတမကြီးတိုက်ပွဲတွင်စစ်သုံ့ပန်း ၇ ဦးဖမ်းဆီးရမိထားဟုKNDF ​ပြော

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများ မှာ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ်ဖမ်းမိခြင်း၊တပ်ရင်းမှ ထွက်ပြေးလာခြင်းနှင့် နယ်မြေကျွံဝင်လာ ခြင်းဟု ဆိုသည်။

(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သားခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Springသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများ မှာ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ်ဖမ်းမိခြင်း၊တပ်ရင်းမှ ထွက်ပြေးလာခြင်းနှင့် နယ်မြေကျွံဝင်လာ ခြင်းဟု ဆိုသည်။

“ ဒေါတမကြီး ဘက်က ၉ ရက်ကစလို့ တိုက်ပွဲ ပြင်း ထန်ခဲ့တဲ့ ၂၃ ရက်နေ့အထိ စကစ တပ်သားတွေကို ဖမ်း မိထားတာရှိပါတယ်။လောလောဆယ်တော့ KNDF ရဲ့ စစ်စည်းကမ်းအတိုင်း လုပ်နေပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ မတ်လ ၈ ရက်ကစ၍ထိုးစစ်ဆင်ဝင်ရောက်လာရာ ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) နှင့် ဘောလခဲ PDF တို့ပူး ပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်ထန်ခဲ့သည်။

ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက် မှ (၂၃) ရက် ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ထိုအပြင်လက်နက်မျိုးစုံ ၄၀ ​ကျော်နှင့်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)

သိမ်းဆည်းရရှိသော လက်နက်များအရ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များ ပါဝင်သည်။

ထို့အပြင် ယခုလ ၁၁ ရက်က ရှမ်း-ကယား (ကရင် နီ)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက် ပွဲတွင်လည်း စစ်ကောင်စီတပ်သားအလောင်း ၁၉ လောင်း နှင့် အရှင် ခြောက်ဦးဖမ်းဆီးရမိကာ လက် နက်၊ခဲယမ်းအများ အပြားသိမ်းဆည်းရရှိထားသည်။

(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)
(​ဒေါတမာကြီး တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)

ဒီး​မော့ဆို မြို့နယ်အတွင်းစစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် KNDFမှမှတ်တမ်းတင်ထား​ကြောင်းထုတ်ပြန်သည်။

လက်ရှိ ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်း မီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ ပြည်သူများအနေဖြင့် အလေးနက် ထား အကူအညီပေးရန် KNDF မှတိုက်တွန်းထားသည်။

You May Also Like

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။

သတင်း

တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု​ကြောင့် အရပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသလို ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။