Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပူတာအို – မချမ်းဘောဒေသ ရွှေတူးဖော်သည့် ကုမ္ပဏီများက မှော်လုပ်သားများအား အခကြေးငွေအစား မူးယစ်ဆေးပေး အလုပ်ခိုင်းနေဟု KIA ဖော်ပြ

ရွှေတူးဖော်သည့် ကုမ္ပဏီ ပိုင်ရှင်များက လုပ်သားများကို အောက်ပိုင်းဒေသများမှ လုပ်သားများခေါ်ယူပြီး အလုပ်ဝင်စတွင် မူးယစ်ဆေးဝါးအခကြေးငွေမယူဘဲ အလကားပေးဆောင် အလုပ်စေခိုင်းပြီး မူးယစ်ဆေးဆွဲပြီးနောက် ပိုက်ဆံမပေးဘဲ အလုပ်ဆက်လက် စေခိုင်းနေကြောင်း ဖော်ပြထားသည်။

( ကချင်ဒေသရှိ မူးယစ်ဆေးသုံးစွဲနေသူအချို့အား KIA သတင်းပြန်ကြားရေးက ဖော်ပြထားစဉ်)
( ကချင်ဒေသရှိ မူးယစ်ဆေးသုံးစွဲနေသူအချို့အား KIA သတင်းပြန်ကြားရေးက ဖော်ပြထားစဉ်)

ကချင်ပြည်နယ် ပူတာအို – မချမ်းဘောဒေသရှိ ရွှေတူးဖော်နေသည့်ကုမ္ပဏီများက ၎င်းတို့ လုပ်သားများအား လုပ်အားခအစား မူးယစ်ဆေးပေးကာ အလုပ်စေခိုင်းနေကြောင်း ရွှေမှော်လုပ်သားများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းနှင့်ပြန်ကြားရေးဌာန၏ ဗမာတိုင်းရင်းသားဘာသာ အစီအစဉ်၌ ဖော်ပြသည်။

ရွှေတူးဖော်သည့် ကုမ္ပဏီ ပိုင်ရှင်များက လုပ်သားများကို အောက်ပိုင်းဒေသများမှ လုပ်သားများခေါ်ယူပြီး အလုပ်ဝင်စတွင် မူးယစ်ဆေးဝါးအခကြေးငွေမယူဘဲ အလကားပေးဆောင် အလုပ်စေခိုင်းပြီး မူးယစ်ဆေးဆွဲပြီးနောက် ပိုက်ဆံမပေးဘဲ အလုပ်ဆက်လက် စေခိုင်းနေကြောင်း ဖော်ပြထားသည်။

အဆိုပါနေရာများ၌ အလုပ်လုပ်သူအများစုမှာ ဗမာ၊ ရှမ်း၊ ရခိုင်လူမျိုးများဖြစ်ပြီး ကချင်လူမျိုးများလည်း ပါဝင်ကာ အများစုမှာ လူငယ်များဖြစ်သည်ဟု ဆိုသည်။

ရွှေတူးဖော်သည့် ကုမ္ပဏီပိုင်ရှင်များက အလုပ်သမားများကို မတရားသဖြင့် အခကြေးငွေအစား မူးယစ်ဆေးဝါး ပေးဆောင်ကာ အလုပ်စေခိုင်းနေသော်လည်း သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ ရွှေမှော်အနီး ဘိန်းစိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်နေသည်ဟု KIA သတင်းပြန်ကြားရေးက ဆိုသည်။

ပူတာအို – မချမ်းဘောဒေသ၌ ရွှေမှော် ၅၀ ကျော်ရှိပြီး ရွှေတူးဖော်သည့် ကုမ္ပဏီ အားလုံးနီးပါး ရွှေလုပ်သားများကို ငွေကြေးအစား ဘိန်းဖြူ၊ ဘိန်းမဲနှင့် ရာမ စသည့် မူးယစ်ဆေးဝါးများ ပေးဆောင်နေကြောင်း ဖော်ပြထားသည်။

ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ဒေသခံအချို့ထံ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။

You May Also Like

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

အင်းတော်၊ ဗန်းမောက်ဒေသများ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ PDF များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။