Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများ ရပ်တန့်ရန် ကနေဒါ ထပ်မံတောင်းဆို

ထို့အပြင် ကနေဒါ၏ နောက်ဆုံးကြေညာခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးပေးခြင်း (သို့) ပို့ဆောင်ခြင်းအပေါ် တားမြစ်ချက် အသစ်တစ်ရပ် ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ကနေဒါသံရုံးက တောင်းဆိုထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ (စစ်ကောင်စီ၏ တပ်မတော်နေ့)တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ယင်းသို့ ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအားလုံးအနေဖြင့်လည်း မြန်မာနိုင်ငံကို လက်နက်များ၊ စစ်ဘက်သုံး ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းကိရိယာများနှင့် နည်းပညာအထောက်အပံ့များ ရောင်းချခြင်း (သို့) လွှဲပြောင်းခြင်းကို ချက်ချင်း ရပ်တန့်ပစ်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးရန် တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကနေဒါက စစ်တပ်ခေါင်းဆောင်ပိုင်း၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများ၊ စစ်တပ်၏ စီးပွားရေးလုပ်ငန်း များ၊ စစ်တပ်နှင့်ဆက်စပ်သော အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၇ ကြိမ်အထိ လုပ်ဆောင်ထားသည်။ ယင်းပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိိုလ် ၅၀ နှင့် အဖွဲ့အစည်း ၁၉ ခုတို့ ပါဝင်သည်။

ထို့အပြင် ကနေဒါ၏ နောက်ဆုံးကြေညာခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးပေးခြင်း (သို့) ပို့ဆောင်ခြင်းအပေါ် တားမြစ်ချက် အသစ်တစ်ရပ် ထုတ်ပြန်ထားသည်။

အထက်ပါဒဏ်ခတ်ပိတ်ဆို့မှုအများစုကို ကနေဒါက ၎င်း၏ မိတ်ဖက်များဖြစ်သော ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အမေရိကန်တို့နှင့်အတူ ပူးတွဲအရေးယူမှုပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်တွင် ကြေညာခဲ့သော အရေးယူမှုတွင် သြစတြေးလျနိုင်ငံကလည်း ယင်းနိုင်ငံများနှင့်အတူ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

You May Also Like

နိုင်ငံတကာ

ကော့ဗ်ရစ်ဂ်နဲ့ စပေဗာတို့ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာပြီး နောက်တစ်နေ့မှာတော့ မန်ကို ကနေဒါ အာဏာပိုင်တွေက တရုတ်နိုင်ငံဆီ ပြန်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။

သတင်း

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

သတင်း

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)