Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေးစာတန်းချိတ်ပြီး မိုင်းခွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးကို မတ်လ ၂၇ ရက် နံနက်က မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း ၊ ရတနာပုံခန်းမအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။

(ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲထားစဉ်။ ဓာတ်ပုံ - မြနန္ဒာစစ်ဆင်ရေး)
(ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲထားစဉ်။ ဓာတ်ပုံ - မြနန္ဒာစစ်ဆင်ရေး)

ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။

“ ပထမတစ်လုံးကို ကျွန်တော်တို့ခွဲပြီး ခေါ်တာ။ နောက်နှစ်လုံးက တစ်လုံးကို တွေ့သွားပြီး ရှင်းလင်းရေးလုပ်တဲ့ အချိန် နောက်တစ်လုံးကိုခွဲလိုက်တာ ” ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို မတ်လ ၂၇ ရက် နံနက်က မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း ၊ ရတနာပုံခန်းမအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။

“ ပေါက်ကွဲပြီးနောက် စခ(စစ်ကောင်စီတပ်)များမှ ရမ်းသမ်းပစ်ခတ်နေပြီး လူနာတင်ကားများလည်းဝင်သွားကြောင်း မြေပြင်သတင်းများအရသိရှိရပါတယ်။ မြနန္ဒာစစ်ဆင်ရေး မှရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကာ စခ ၂ကောင်သေဆုံးကြောင်းအတည်ပြုနိုင်ပြီး ထိခိုက်မှုများနိုင်ကြောင်းသိရပါသည်။” ဟု မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မြနန္ဒာစစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးရန် ၎င်းက တောင်းဆိုသည်။

လက်ရှိတွင် ၎င်းတို့၏ နေထိုင် စားသောက်စရိတ်မတွက် အဆင်ပြေသော်လည်း မစ်ရှင်များပြုလုပ်ရန် ပစ္စည်းဖိုးလိုအပ်နေကြောင်း ၎င်းက ပြောသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်က ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညနေ ၆နာရီ၅၇ မိနစ်ခန့်တွင် မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ် လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group(စလေ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

သတင်း

စစ်ကောင်စီတပ်သည် မြိုကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ်က​လေးငယ်၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြိုလှကျေးရွာသို့တပ်ဆုတ်ကာတပ်စွဲထားသည်ဟုကလေးPDFကအသိ​ပေးထားသည်။

သတင်း

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။