Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျော်ဘွယ်မြို့နယ်ရှိ ညောင်ကုန်းတိုက်နယ်ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်

ညောင်ကုန်းတိုက်နယ်ရဲစခန်းအား မောင်းပြန် သေနတ်များဖြင့် မတ်လ ၂၇ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CRC – PLA က ထုတ်ပြန်ထားသည်။

ရဲစခန်းကို CRC-PLAတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-CRC-PLA
ရဲစခန်းကို CRC-PLAတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-CRC-PLA

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ညောင်ကုန်း တိုက်နယ်ရဲစခန်းအား အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် CRC – PLA က ယမန်နေ့တွင်သွားရောက် တိုက်ခိုက်ခဲ့သည်။

ညောင်ကုန်းတိုက်နယ်ရဲစခန်းအား မောင်းပြန် သေနတ်များဖြင့် မတ်လ ၂၇ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CRC – PLA က ထုတ်ပြန်ထားသည်။

“ မြို့ထဲမှာ ချရတာဆိုတော့ အကန့်အသတ်တော့ရှိတယ်။ ဒါပေမယ့် မစ်ရှင်အောင်မြင်တဲ့သတင်းရတယ်” ဟု ပျော်ဘွယ်မြို့နယ် ဒေသခံတစ်ဦးကပြောသည်။

ရဲစခန်းဝင်ပေါက်အနားမှနေ၍ စခန်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေသည်ကို CRC – PLA က ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရသည်။ ရဲစခန်းရှေ့တွင် ခရီးသည်တင်ကားတစ်စီးရပ်ထားသည်ကိုတွေ့ရပြီး ယင်းကားတွင် ခရီးသည်တစ်ဦးမှ မရှိသလို ယာဉ်တိုက်မှုကြောင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

ရဲစခန်းကို CRC-PLAတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-CRC-PLA
ရဲစခန်းကို CRC-PLAတပ်ဖွဲ့ဝင်များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-CRC-PLA

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလန့်တကြား ဝရုန်းသုန်းကား ထွက်ပြေးသွားကြပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CRC – PLAက ဆိုသည်။ ရဲစခန်းဘက်မှ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပေ။

ပျော်ဘွယ်မြို့နယ်အခြေစိုက် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် CRC – PLA သည် ပြီးခဲ့သည့် မတ်လ ၁၅ရက်က တပ်ဖွဲ့ ဖွဲစည်းခြင်း(၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အာစုးအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။