Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကဝမြို့နယ်တွင် ကင်းလှည့်နေသော ရဲများအား တိုက်ခိုက်ရာ နယ်ထိန်းသေ၊ စခန်းမှူးအပါအဝင်လေးဦး ဒဏ်ရာရဟုဆို

အဆိုပါစစ်ဆင်ရေးကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြို နန်းထိုင်အောင်စစ်ဆင်ရေးအနေဖြင့် မတ်လ ၂၆ ရက် ညက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ကြာခဲ့သည်ဟု ၎င်းက‌ ဆိုသည်။

(ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းနေသော ရဲများအား ၂၀၂၁ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းနေသော ရဲများအား ၂၀၂၁ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ပဲခူးတိုင်း ကဝမြို့နယ် အုန်းနှဲကျေးရွာ၌ ကင်းလှည့် နေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအားပစ်ခတ်တိုက်ခိုက်ရာ နယ်ထိန်းတစ်ဦးသေဆုံးပြီး စခန်းမှူးအပါအဝင်လေးဦး ဒဏ်ရာရရှိကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အုန်းနှဲရဲစခန်းက ရဲတွေ ကင်းလှည့်ပြန်လာပြီး အုပ်ကြီးစန်းမြင့်ပိုင်တဲ့ ဘီယာဆိုင်မှာ နားနေတာ။ ဘီယာဆိုင်ကလည်း လမ်းဘေးတင်ဆိုတော့ တချို့လည်းလမ်းပေါ်မှာ။ တချို့က ဆိုင်ထဲမှာ။အဲဒီ့အချိန် ကျွန်တော်တို့အဖွဲ့က နာနတ်သီး အရင်ကျွေးပြီး ဝင်ပစ်တာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြို နန်းထိုင်အောင်စစ်ဆင်ရေးအနေဖြင့် မတ်လ ၂၆ ရက် ညက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ကြာခဲ့သည်ဟု ၎င်းက‌ ဆိုသည်။

“ နယ်ထိန်းက ပစ်ခတ်မှုဖြစ်တဲ့နေရာမှာတင်သေသွားတယ်။ စခန်းမှူးအပါနောက်ထပ်လေးဦးလောက်က ထိခိုက်ဒဏ်ရာပြင်းတယ်။ အဲဒီညကတည်းက ထိခိုက်တဲ့လူတွေကို အုန်းနှဲဆေးရုံကိုပို့ထားတယ်။ ဒီနေ့အထိ ဆေးရုံမှာ ခွဲခန်းဝင်နေရတယ်ကြားတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယင်းညက အဆိုပါစစ်ဆင်ရေးပြုလုပ်ချိန်နှင့် တပြိုင်တည်း ၎င်းတို့၏ရဲဘော်အဖွဲ့တစ်ဖွဲ့က စစ်ကူလာနိုင်သည့် သက္ကလ‌ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းမှ ထွက်လာရဲသူမရှိဘဲ သေနတ်ဖြင့်သာ ရမ်းသမ်းပစ်ခတ်နေသောကြောင့် အဖွဲ့သားများပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု ၎င်းက ဆိုသည်။

“ နေ့ခင်းဘက်တွေမှာတော့ အုန်းနှဲနဲ့ သက္ကလမှာ စခ ၊ ရခတွေ ခြေရှုပ်တယ်။အစစ်အဆေးတွေများတယ်။ ဒါပေမယ့် ညဘက်တွေမှာတော့ စခန်းထဲကနေ အပြင်ကို လုံးဝမထွက်ရဲတော့တာတွေ့ရတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။