Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား

နေအိမ်တွေ ဖယ်ရှားဖို့ တရာဝင်စာထုတ်အသိပေးတာမျိုးမဟုတ်ဘဲ အစည်းအဝေးခေါ်ယူပြီး နှုတ်နဲ့သုံးကြိမ်အသိပေးခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား
ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်ခေါင်က နေအိမ်နဲ့ တိုက်တန်း အလုံး ၆၀ ဝန်းကျင် ဟာ လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး စစ်ကောင်စီက ဖယ်ရှားရှင်းလင်းနေပါတယ်။

ဖယ်ရှားခံရတဲ့ အဆောက်အဦးတွေဟာ ရပ်ကွက်ကြီး( ၃) ၊ပင်စည် လက်ဖက်ရည်ဆိုင်အနီးမှာရှိပါတယ်။

လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး ဒီနေ့ မတ်လ ၂၈ ရက် အပြီး ဖျက်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ အိမ်ဖယ်ခံရတဲ့ ကာယကံရှင်အချို့က ပြောပြပါတယ်။

ဒီလို ဖယ်ရှားခံရသူတွေထဲ နှစ် ၃၀ မြေဌားဂရန် ရှိသူတွေပါ ပါဝင်ကြတယ်လို့လည်းသိရပါတယ်။

” အဖိုး၊ အဖွားတွေလက်ထပ်ကတည်းကဝယ်ထားတဲ့မြေနေရာပါ” လို့ နေအိမ်ဖယ်ရှားခံရသူအမျိုးသားတစ်ဦးကပြောပြပါတယ်။

နေအိမ်တွေ ဖယ်ရှားဖို့ တရာဝင်စာထုတ်အသိပေးတာမျိုးမဟုတ်ဘဲ အစည်းအဝေးခေါ်ယူပြီး နှုတ်နဲ့သုံးကြိမ်အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဖျက်ခံရတဲ့အဆောက်အဦးတွေမှာ ပင်စည်လက်ဖက်ရည်ဆိုင်တိုက်တန်း၊ ဖိုးလမင်းဆေးဆိုင်တိုက်တန်း၊ ရပ်ကွက်(၃)ရုံးနောက်ကတိုက်တန်းတွေပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်ဦးလွင် ဘောလုံးကွင်းဘေးက ဆိုင်ခန်းတွေလည်းဖယ်ရှားခံခဲ့ရပါသေးတယ်။