Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို၌ ယမန်နေ့တစ်ရက်တည်း မြို့တွင်းလေးနေရာရှိ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်

ယနေ့ (မတ်လ ၂၈ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့ ကားကွင်းအနီးရှိ တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ဝကျော်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(အာဏာသိမ်းကာလအစပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန်စောင့်နေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(အာဏာသိမ်းကာလအစပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန်စောင့်နေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်၌ ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်သားများအား နေရာလေးခုတွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၂၃) တပ်ရင်းမှူး ဗိုလ်ရန်ကြီးက People’s Springသို့ ပြောကြားသည်။

ယမန်နေ့ (မတ်လ ၂၇ ရက်) မွန်းလွဲ ၂နာရီခွဲခန့်တွင် ရွှေဘိုတောင်တံခါးအထွက် မူးတံတားပေါ်၌ စစ်ကောင်စီတပ်သားများ၏ ယာဥ်(Skat)တစ်စီးကို ပဒေသာပါဆယ်မိုင်း သုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ရန်ကြီးက ပြောသည်။

ထို့နောက် ညနေ ၄ နာရီခန့်တွင် မြို့ရှောင်လမ်းပေါ် ပတ်ကင်းထွက်လာသော စစ်ကောင်စီတပ်လိုက်ပါလာသည့် ယာဥ် (Mark 2)ကို လက်ပစ်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ညနေ ၄ နာရီကျော်တွင်လည်း စိုက်ပျိုးရေးရုံး၌ စစ်ကောင်စီတ​ပ်သားများ အစည်းအဝေးပြုလုပ်နေချိန် အပြင်ထွက်လာသည့် စစ်ကောင်စီတပ်သား သုံးဦးအား ရုံးဝင်းအဝတွင် ချထားသည့် ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။

ညနေ၅နာရီခွဲခန့်တွင်လည်း ရွှေလီထွန်းဘီယာဆိုင်လာသော စစ်ကောင်စီတပ်သားများအား ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်းအမှတ် (၂၃)က ထပ်မံအသိပေးသည်။

“ မနေ့ကတောင်တံခါး Skat ကားကတော့ ကားမောင်းတဲ့လူ ထိတယ်ကြားတယ်။ မြို့တွင်း Mission ဆိုတော့ စိတ်တိုင်းကျမလုပ်ရဲဘူး။ ချောင်းဆွဲ၊ ချောင်းပြေးဆိုတော့။ သုံးနေရာကတော့စိစစ်ဆဲပဲ” ဟု ဗိုလ်ရန်ကြီးက ပြောသည်။

အဆိုပါ စစ်ဆင်ရေး လေးခုကို ရွှေဘိုခရိုင်တပ်ရင်း အမှတ်(၂၃)တပ်ခွဲ – ၁ Naungyoe Army၊ ရွှေဘိုကျားကြီးနှင့် G Fatt Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ (မတ်လ ၂၈ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့ ကားကွင်းအနီးရှိ တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ဝကျော်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။