Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့တွင် မီတာခကောက်ခံသည့် စစ်အုပ်စု မိုင်းထိပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ (၂)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်အုပ်စုအား တိုက်ခိုက််ရန်မိုင်းဆင်နေစဥ်။ ဓာတ်ပုံ-Buffalo Soldiers Freedom Force)
(စစ်အုပ်စုအား တိုက်ခိုက််ရန်မိုင်းဆင်နေစဥ်။ ဓာတ်ပုံ-Buffalo Soldiers Freedom Force)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ စက်မှုဇုန်အနီးတွင် လျှပ်စစ်မီတာခလိုက်လံကောက်ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Buffalo Soldiers Freedom Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂၄ ရက်) မွန်းလွဲပိုင်းက ရွှေဘိုလေ့ကျင့်ရေး (၈)မှ Center တစ်စီး၊ Mark 2 တစ်စီး၊ Pardo တစ်စီးတို့ဖြင့် ထွက်လာသောအင်အား ၂၀ ခန့်ပါစစ်ကောင်စီတပ်သည် မြောင်းကြီးကျေးရွာသို့ မီတာခလိုက်လံကောက်ခံရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စက်မှုဇုန်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force အဖွဲ့က ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိသည်ဟုဆိုသည်။

“ ရှေ့ထွက်မိုင်း ၆လုံး တစ်ပါဆယ်ချပြီးခွဲတာ။ ဒီကောင်တွေက မိုင်းထုပ်တစ်ထုပ်ကို မြင်တော့ နှစ်ကောင်က ပြေးလာတာ။ ပြေးလာတဲ့နှစ်ကောင်ကို အရင်ခွဲပြီး နောက်တစ်ပွိုင့်မှာ မိုင်း​နားလေးမှာ ကားလာရပ်တော့ ထပ်နှိပ်လိုက်တာ။” ဟု Buffalo Soldiers Freedom Force က ဗိုလ်ကျွဲကြီးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ (၂)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီ၏ ဘီးခွန်ကောက်ခံရေးဂိတ်ကို Buffalo Soldiers Freedom Force အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးခဲ့သေးသည်။

You May Also Like

သတင်း

" ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

သတင်း

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။