လက်နက်ကြီး၊ လက်နက်ငယ် ၊ စနိုက်ပါနှင့် ဒရုန်း သင်တန်းများပါဝင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်က မကွေးတိုင်းတစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည် ဟု အသိပေးသည်။
![(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/03/338710628_569654051689005_7178825336766220137_n.jpg?resize=880%2C495&ssl=1)
အခမ်းအနား၌ လက်နက်ပေးအပ်ခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း အသိပေးခဲ့ပြီး သဝဏ်လွှာပါအချက် များကိုမူ ဖော်ပြမထားပေ။
![(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/03/338328153_741953980747429_6686815631022004294_n.jpg?resize=880%2C586&ssl=1)
“ မကွေးတိုင်းမှာ NUGက လက်နက်တပ်ဆင်မှုတွေ မြန်မြန်လုပ်ပေးနိုင်မှ ကျွန်တော်တို့ စစ်ကောင်စီတပ်ကို မကွေးက မောင်းထုတ်နိုင်မှာပါ။ ကျွန်တော်တို့မှာ တိုက်နိုင်ခိုက်နိုင်တဲ့ အရည်အသွေးတွေရှိတယ်။လက်နက်ခဲယမ်းပဲလိုတာ။
မကြာခင် ခရိုင်တပ်ရင်းတွေအလိုက် လက်နက်တွေတပ်တာ မြန်မြန်မြင်ခြင်နေပါပြီ။” ဟုပခုက္ကူခရိုင်တပ်ရင်း၊တပ်ခွဲမှူးကပြောသည်။
![(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/03/338385965_1363470884451050_8986578612947824939_n.jpg?resize=880%2C495&ssl=1)
![(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄)မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD- NUG)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/03/338167757_530401055912977_331347358398005670_n.jpg?resize=880%2C590&ssl=1)
အထက်ပါအခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းသားများမှ PDF သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)