Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပစ်ခတ်နေ၍ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးမြို့ပေါ်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)
(ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ စစ်ကောင်စီစစ်ကြောင်းသည် ပစ်ခတ်ဝင်ရောက်လာ၍ ဆားထုံးအုပ်စု၊တုံအုပ်စု၊ဖောင်းကတာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ ဆားလင်းကြီးမြို့ပေါ်ကနေ ရွာတွေဘက် စစ် ကြောင်းထိုးလာတာပါ။ ရွာပေါင်း ၁၃ရွာလောက် ပြေးနေရပါတယ်။ ထိခိုက်သေဆုံးတာတွေတော့ မကြားမိသေးပါဘူး။” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းများအား အရေးပေါ်ပိတ်ထားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။