Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့နယ် အိမ်‌ခြေနှစ်ထောင်ခန့်ရှိသောညောင်ပင်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)
(ထီးချိုင့်မြို့နယ် လေသာရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၂ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Tigyaing Revolution-TR)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ အိမ်‌ခြေနှစ်ထောင်ခန့်ရှိသော ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း မြို့ခံများက ပြောသည်။

“ မနက် ၉ နာရီလောက်မှာ ဝင်ရှို့တာ။ ရွာကလူတွေက မ‌နေ့ကထဲက ထွက်ပြေးခဲ့ကြရတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ဝင်ရှို့တာ” ဟု ထီးချိုင့်မြို့ခံတစ်ဦးက ပြောသည်။

ညောင်ပင်သာရွာသည် ထီးချိုင့်နှင့် တကောင်းမြို့ကြားတွင်တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

“ ရွာအနောက်နဲ့ အရှေ့ဘက်ကနေပတ်ရှို့နေတာ။ ရွာထဲကို ဝင်မရတော့ အခုဘယ်လောက်တောင်လောင်နေလဲဆိုတာ မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်ပင်သာသာရွာ မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိသည်ဟု သတင်းရရှိသည်။

ထီးချိုင့်မြို့မှထွက်လာသော ကျောက်စိမ်းများတင်ဆောင်လာသည့် (၄၃)စီးပါ စစ်ကောင်စီ ယာဉ်တန်းကို တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီးနှင့်မိုးကောင်းဦးဝင်ပေါက်အနီးတွင် မတ်လ ၂၉ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် အရပ်သားနေအိမ်များကို အညိုးတကြီးဖျက်ဆီးနေခြင်းဟု ဒေသခံများက ပြောသည်။