Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ် စံရွာတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုများ၊ လေကြောင်းပစ်ကူပေး တုံ့ပြန်

မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လေးကြိမ်ဝဲကာ သုံးကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)
(ဆောမြို့နယ် စံကျေးရွာသို့ ဦးတည်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မတ်လ ၂၄ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat)

မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဆောဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၃၀ရက် ညနေ ၃နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လေးကြိမ်ဝဲကာ သုံးကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ စကစဘက်မှ အကျအဆုံးများ၍ လေကြောင်းကူညီလာကြောင်း၊PDF များ ဘေးကင်းစွာဆုတ်ခွာနိုင်ကြောင်းကြားသိရ” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီတပ်က စံကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့နေသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်စခန်းသည် ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသူများ နေထိုင်သည့် စခန်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသ၌ စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေကြရသည်။