Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံလွင်မြစ်ဘေး မယ်ခါးထာ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံး

သံလွင်မြစ် ဘေး မှာ တည်ရှိပြီး စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင် ကစတင်ပြီးတိုက်ခိုက်ရာ ၄၅ မိနစ်ကြာပြီးနောက် စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

ထိုင်း − မြန်မာ နယ်စပ် သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီရဲ့ မယ်ခါးထာ အခြေစိုက်စခန်းကို တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးသွားတယ်လို့ KNU ဘက်က ဒီနေ့မှာအတည်ပြု လိုက်ပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရပြီး အဲဒီအထဲက ၅ ဦးဟာ သံလွင်မြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ထွက်ပြေးသွားတယ်လို့ KNU မူတြော်ခရိုင်သတင်းစဉ် ကဆိုပါတယ်။

သံလွင်မြစ် ဘေး မှာ တည်ရှိပြီး စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင် ကစတင်ပြီးတိုက်ခိုက်ရာ ၄၅ မိနစ်ကြာပြီးနောက် စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက စိန်ပြောင်း၊ စက်သေနတ်၊ ပခုံးထမ်း အာပီဂျီအပါအဝင် ဆက်သွယ်ရေးစက်တွေ ၊ စကားပြောစက်တွေ သိမ်းဆည်းရမိတယ်လို့ KNU က ပြောပါတယ်။

မယ်ခါးထာစခန်းဟာ ၁၉၉၅ ခုနှစ်က စစ်တပ်က သိမ်းယူထားပြီး ထိန်းချုပ်ထားတာဖြစ်ကာ နှစ်ပေါင်း ၂၈ နှစ်အကြာမှာ KNU ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။