Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် ကင်းစောင့်ထွက်လာသည့် စစ်အုပ်စုအားတိုက်ခိုက်ရာ နှစ်ဦးသေ

တိုက်ပွဲကြာချိန် ၄၅မိနစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်​ဒဏ်ရာရရှိသည်ဟု ဆိုသည်။

(KLG PDF အဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကင်းစောင့်ရန်ထွက် လာသည့် စစ်ကောင်စီတပ်သားနှင့် ရဲများအား တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ကျောက်လုံးကြီး KLG PDF ပြန်ကြားရေးတာဝန်ခံ ATက ပြောသည်။

ယမန်နေ့ (မတ်လ ၃၀ရက်)နံနက် ၁၁နာရီခွဲခန့်က ကနီမြို့ပေါ်မှ အင်အား၃၀ ခန့်ပါ စစ်​ကောင်စီတပ်သားနှင့် ရဲများသည် ကြို့ပင်သာဘက်သို့ ကင်းစောင့်ရန် ထွက်လာစဉ် KLG PDFကျောက်လုံးကြီးခရိုင် ရင်း၂စ/DRPAအဖွဲ့နှင့် နယ်မြေခံ(ပကဖ)များ ပူးပေါင်းကာ စောင့်ဆိုင်းတိုက်ခိုက် ခဲ့ကြောင်း KLG PDF ပြန်ကြားရေးတာဝန်ခံ ATက ပြောသည်။

တိုက်ပွဲကြာချိန် ၄၅မိနစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်​ဒဏ်ရာရရှိသည်ဟု ဆိုသည်။

“ စစ်သားနဲ့ရဲ ကင်းစောင့်မဲ့နေရာ ကြိုတင်သတင်း ရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သူတို့လာတဲ့လမ်းမှာ စောင်ကြိုပြီး တိုက်ခိုက်တာ။ အစမှာထဲက သေတာဗျ။ နှစ်ကောင်သေတယ်။ နှစ်ကောင်ဒဏ်ရာရတယ်” ဟု KLG PDF ပြန်ကြားရေးတာဝန်ခံ ATက ပြောသည်။

ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားနှင့် ရဲ အင်အား ၅၀ခန့် တပ်ကူလာ၍ မဟာမိတ်ညီနောင်အဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲအရှိန်မြှင့်တင်ရန် ပြည်သူများအနေဖြင့် နိုင်သည့်အားဖြင့် ဝိုင်းကူညီပေးကြပါရန် KLG PDF က မေတ္တာရပ်ခံထားသည်။