Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်း တစ်နေကုန်တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေ

မတ်လ ၂၉ရက်မှစ၍ ကရင်နီတပ်မတော်(KA) ၊ KNDF ဗျူဟာ(၃)ဗျူဟာမှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ KNDF/B (07) တို့ပူးပေါင်း၍ စစ်ကောင်စီတပ်အား နှစ်ရက်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)

▪️သေနတ် ‌ခြောက်လက်ရဟု KNDF အသိပေး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်းသေဆုံးပြီး သေနတ်ခြောက်လက်ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

မတ်လ ၂၉ရက်မှစ၍ ကရင်နီတပ်မတော်(KA) ၊ KNDF ဗျူဟာ(၃)ဗျူဟာမှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ KNDF/B (07) တို့ပူးပေါင်း၍ စစ်ကောင်စီတပ်အား နှစ်ရက်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA ၊ KNDF တို့မှ မတ်လ ၂၉ရက်နှင် ၃၀ရက်တို့တွင် တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သညိ။

(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ – KNDF)

ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်သား ၁၅ဦးနှင့်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ၎င်းတို့ ထံမှ MA-1 သေနတ် သုံးလက် ၊ MA-2 သေနတ် နှစ် လက် ၊ MA-3 သေနတ် တစ်လက်နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့သည်။

ကရင်နီပူးပေါင်းတပ်ဖက်မှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာ ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီမှ တိုက်ပွဲများအတွင်း အထိနာ၍ မတ်လ ၃၀ရက် နေ့လည်ပိုင်းတွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ (၁၀)ကြိမ်နီးပါး ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်း ဝန်း တစ်ခုကိုလည်း (၂)ကြိမ်ခန့် လှည့်ပတ် ပစ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်။

(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ – KNDF)

ထို့နေ့ ညပိုင်းတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်သို့ တိုက်လေယာဥ် နှစ်စီးဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်လာသော စစ်ကြောင်းများနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ရက်ရှည်ခုခံတိုက်ပွဲများအတွက် ရလာဒ်ကောင်းများဆက်၍ ဖော်ဆောင်နိုင်ရန် ပြည်တွင်း ၊ ပြည်ပမှ မိဘပြည်သူများအနေဖြင့် အဖက်ဖက်မှ ပူးပေါင်း၍ ပံ့ပိုးကူညီမှုများကို တက်ညီလက်ညီဖြင့် ပါဝင်ပေးကြရန် KNDFမှ အထူးတောင်းဆိုသည်။