Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ပေါ်က ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁,၂၀၀ ပါသွား

ဖြစ်စဉ်ကို မှတ်တင်ထားတဲ့ CCTV ဖိုင်အရ ပစ္စတို သေနတ်ကိုင်အမျိုးသား ၃ ဦး ဟာ Nissan March အမျိုးအစား ကားအနက်ရောင်နဲ့ ရောက်လာပြီး ငွေထုတ်တွေကို လုယက်သွားတာတွေ့ရပါတယ်။

ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ
ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ

မန္တလေးမြို့ပေါ်က စိန်ကျော်မိုး ရွှေသန့်စင် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မနေ့ မတ်လ ၂၇ ရက် ညပိုင်း ၅ နာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁၂၀၀ ပါသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။

ချမ်းအေးသာစံမြို့နယ် မှာရှိတဲ့ အဲဒီရွှေရောင်းဝယ်ရေးဆိုင်ကို အမျိုးသား ၂ ဦး ရွှေလာရောင်းပြီး ရောင်းရငွေကို ကားပေါ် တင်နေချိန်ဓားပြတိုက်ခံလိုက်ရတာပါ။

ဖြစ်စဉ်ကို မှတ်တင်ထားတဲ့ CCTV ဖိုင်အရ ပစ္စတို သေနတ်ကိုင်အမျိုးသား ၃ ဦး ဟာ Nissan March အမျိုးအစား ကားအနက်ရောင်နဲ့ ရောက်လာပြီး ငွေထုတ်တွေကို လုယက်သွားတာတွေ့ရပါတယ်။

ပီနံအိတ်နဲ့ထုတ်ထားတဲ့ ငွေထုပ် ၄ ထုပ် လုယက်ခံရတာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ပါသွားတာလို့ ရွှေဆိုင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဓားပြတိုက်သွားသူအမျိုးသား ၃ ဦးကို ညတွင်းချင်းပဲ ဖမ်းမိတယ်လို့ သတင်းထုတ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ဓားပြတိုက်တာ ၊လုယက်တာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။